Part 32 ( Unicode & Zawgyi )

534 46 13
                                    


Unicode

သာယာတယ့်မနက်ခင်းလေးတစ်ခုမှာ မြူနှင်းများကလဲ အုံ့မှိုင်းနေတာကြောင့် တစ်ယောက်နဲ့တစ်ယောက်မြင်ရ‌ဖို့တောင်မသဲကွဲချေ...။ထိုထဲတွင် အနွေးထည်အထူကြီးကိုယ် ကိုယ်လုံးပျောက်အောင်ထိ ဝတ်ထားပြီး ဆူပုတ်နေတယ့်ကောင်လေးကိုယ် ဘေးကကောင်လေးက သဘောတကျကြည့်နေတယ့်ပုံရိပ်လေးဟာလဲ ပါဝင်လို့နေသည်။

"ဟန်နီ အရမ်းအေးနေလားဟင်..."

ထယ်ယောင်း သူ့ဟန်နီရဲ့ ပါးနုနုလေးဟာ နီရဲနေပြီး နှုတ်ခမ်းဖျားလေးတွေဟာလဲတုန်ရီနေတာကြောင့် စိတ်ပူပြီးမေးလိုက်မိသည်။ဒါပေမဲ့လဲ သူ့ဟန်နီဆီကပြန်ရလိုက်တာကတော့ မျက်စောင်းလှလှလေးတစ်ချက်ပင်...။

"ဟန်နီ မောင့်ကိုယ်စိတ်ဆိုးနေတာလားဟင်?"

"ဟုတ်တယ် ခင်ဗျားကြီးကလေ ဒီလောက်အေးနေတယ့်အချိန်မှာ ဘာလို့လေယာဉ်နဲ့ ခရီးသွားဖို့လုပ်နေတာလဲ?ပြီးတော့ သွားတော့လဲ အစောကြီးအိပ်ရေးမဝသေးဘူးဗျ..."

"အင်းပါ ဟန်နီရယ် မောင်တောင်းပန်ပါတယ်နော် ။မောင်မှားပါတယ်ကွာ..."

သူ့ကိုယ်နှုတ်ခမ်းတစ်တောင်လောက် ထော်ပြီးရန်တွေ့နေတယ့် ချစ်ရသူလေးကိုယ် ထယ်ယောင်းဖြေရှင်းချက်တွေလဲမပေးချင်တော့ချေ...။ဘာလို့ဆို ကိုယ့်ဘက်ကမှားနေတာမှတ်လား? အစကစိတ်ကူးယဉ်ထားတာ နေဝင်ဆည်းဆာလေးကိုယ် နှစ်ယောက်အတူတူကြည့်မယ်ပေါ့...။အခုတော့ စိတ်ကူးနဲ့လက်တွေ့ဟာ တစ်ခြားဆီဖြစ်သွားခဲ့ပြီ...။

သူ့ဟန်နီစိတ်ဆိုးချင်လဲစိတ်ဆိုးချင်စရာပေ...။ဒီနေ့ကြမှ နှင်းတွေအရမ်းကျနေလို့ လေကြောင်းလိုင်းတွေကလဲအကုန်လုံးကိုယ်မထွက်ဖို့ ပိတ်ထားခဲ့တယ်။နေထွက်မှ ပြန်ထွက်ခွင့်ပြုပေးမယ်လို့ပြောတာကြောင့် စောင့်နေရတယ့်အချိန်ကလဲမနည်းတော့ချေ...။သူကိုယ်ကပေါ့သွားခဲ့တာပါ။ဟန်နီ့ကိုယ် အရင်မမေးမိဘဲ ကိုယ်ဖြစ်ချင်တာကိုယ်ဘဲ ကြိုလုပ်မိလိုက်တော့ တကယ့်တကယ်လဲသွားကော အရာအားလုံး တစ်လွဲတစ်ချော်တွေဖြစ်သွားခဲ့ရတာ...။

"မောင့်ဟန်နီလေး အရမ်းချမ်းနေပြီလား ? လာလေမောင့်ရင်ခွင်ထဲ..."

What is love? (Complete) Where stories live. Discover now