Part 13 ( Unicode & Zawgyi )

873 68 5
                                    


Unicode

     မိုးကောင်းကင်ကြီးက နေသာပီး ကြည်လင်နေရာကနေ ချက်ချင်းဆိုသလို ကောင်းကင်ကြီးတစ်ခုလုံး‌မှောင်မဲလာခဲ့သည်။ပြိုတော့မယ့်မိုးလို‌ဖစ်နေတယ့်ကောင်းကင်ကြီးဟာ မကြာပါဘူး မိုးတွေသည်းထန်စွာ ရွာချလာခဲ့သည်။‌ ကောင်းကင်ကြီးကလဲ ရာသီအချိန်မဟုတ်ဘဲ မိုးတွေကို အညိုးကြီးစွာ ရွာချနေသလို ဆေးရုံအခန်းလေးတစ်ခန်းထဲမှာလဲ ဆရာဝန်တွေကော သူနာပြုတွေကော လှုပ်လှုပ်ရှားရှားနဲ့ ဟိုပြေးလိုက် ဒီပြေးလိုက်ဖစ်နေခဲ့ကြသည်။

"Appa... Appa..."

ဆေးရုံအခန်းလေးထဲမှာ ဆရာဝန်တွေက အဖေ့ကို အသက်လုပေး နေကြတယ်။ကျွန်တော်တို့ကို အခန်းပြင်မှာခနလောက်ထွက်နေပေးပါလို့ ပြောပေမယ့် ကျွန်တော့်မှာ ထိုင်မရ ထမရနဲ့ အဖေ့အတွက်အရမ်းစိတ်ပူနေခဲ့တယ်။အဖေသာ တစ်ခုခုဖစ်သွားရင် ကျွန်တော်ဘယ်လိုမှခံစားနိုင်မှာမဟုတ်ဘူး ။ဟို‌ဘက်လျောက်လိုက် ဒီဘက်လျောက်နဲ့ အဖေ့ကိုသာတနေမိသည်။

"ဆရာ ...Appa..သက်သာသွားပီလား...? ကောင်းသွားပီလား...?"

ဆရာဝန်တွေအခန်းထဲကနေ အသီးသီးထွက်လာကြတယ့်အချိန်မှာ ကျွန်တော် ဆေးရုံအုပ်ကြီးနားကို အသည်းအသန်သွားပီးမေးကြည့်လိုက်မိသည်။

"ဆရာ တို့အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ ဆရာတို့အသက်မကယ်လိုက်နိုင်ခဲ့ဘူး ...တောင်းပန်ပါတယ်။ဥက္ကဌ ကြီးဟာ သုံးနာရီ နှစ်ဆယ်မိနစ်မှာ သေဆုံးသွားပါတယ်"

"ဗျာ..."

ကျွန်တော့်ခြေထောက်တွေမခိုင်တော့ဘဲ ကြမ်းပြင်ပေါ်ကို အရုပ်ကျိုးပြတ်ပြုတ်ကြသွားခဲ့သည်။ကျွန်တော် နားနဲ့ ကြားနေတာကို ကျွန်တော်ဘယ်လိုမှမယုံကြည်နိုင်ဘူး။မနက်ကလေးတင် ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြသေးတာလေ ။ အခုတော့ အဖေက ကျွန်တော့်ဘဝထဲက‌ကော ဒီကမ္ဘာထဲကနေကော အပီးပိုင်ထွက်ခွာသွားခဲ့ပီတဲ့လား...။

" Tae...."

ကြမ်းပြင်ပေါ်မှာ လဲကျသွားတယ့် ထယ့်အနားကို ကျွန်တော် အမြန်ပြေးသွားလိုက်သည်။ထယ် မယုံကြည်နိုင်သ လို ကျွန်တော်လဲဘယ်လိုမှ မယုံကြည်နိုင်ခဲ့ဘူး။မနက်ကလေးတင် ကျွန်တော် ထည့်လာပေးတယ့် မနက်စာကို အားရပါးရစားနေတယ့် အန်ကယ်က ချက်ချင်းလက်ငင်းကြီး ကျွန်တော်တို့ကို ထားသွားပီတဲ့လား...။

What is love? (Complete) Where stories live. Discover now