Part 17 ( Unicode & Zawgyi )

912 80 9
                                    


Unicode

"သူကော ဘယ်လိုနေသေးလဲ သက်သာလားဟင်...."

"ဘယ်သက်သာမလဲ သားထယ်ရယ် တစ်ကိုယ်လုံးကိုက်ခဲနေတယ်လို့ပြောတယ် ။ပီးတော့သားရိုက်ထားတာတွေကလဲ နည်းနည်းနောနောမှမဟုတ်တာ အရှိုးရာတွေဆိုတာလဲ အများကြီးဘဲ လေ။အဲ့မှာမှ သွေး‌တွေတောင်စို့နေသေး...."

"တော်ပီ ထပ်မပြောနဲ့တော့...ကျွန်တော် သွားအိပ်တော့မယ်"

သူမပြောတာကိုယ်တောင် ဆုံးအောင် နားမထောင်ဘဲ အပေါ်ထပ်ကိုယ် တက်သွားတယ့် ကောင်လေးကြောင့် သူမ သက်ပြင်းသာချလိုက်မိတော့သည်။ဒီကလေးနှစ်ယောက်ကြားမှာ ဘယ်အရာတွေကများ စည်းခြားထားလဲ မသိပါဘူး။နာကျင်မှုတွေကိုယ်ဆီ ရှိနေကြတယ့် ဒီကလေးနှစ်ယောက်ကိုယ် သူမကြား‌ထဲကနေ သနားမိတာအမှန်ပေ...။သူတို့လေးတွေရဲ့ နာကျင်မှုတွေကိုယ်လဲ အမြန်ဆုံး အဆုံးသတ်သွားပါစေလို့ သူမ‌ဆုတောင်းမိသည်။

"သားမင်...ဆန်ပြုတ်ပူပူလေးသောက်လိုက်အုံး...ထ "

သူမအခန်းထဲကိုယ်ပြန်ဝင်လာတော့ ကိုယ်တစ်ခြမ်းစောင်းပီးလှဲအိပ်နေတယ့်ကောင်လေးကိုယ် နှိုးရပြန်သည်။ဘေးစောင်းအိပ်နေတာကြောင့် ကျောပြင်‌ ကအကျီ ပေါ်မှာတောင် သွေးလေးတွေဆို့နေလေသည်။ဒီကောင်လေးကိုယ်ကြည့်ပီး သူမသက်ပြင်းဘဲချလိုက်မိတော့သည်။ဒီ နေ့မှာတင် ဒီကလေးနှစ်ယောက် ကြောင့်သူမလဲ သက်ပြင်းတွေဘဲ ချနေမိတာ ဘယ်နှစ်ခါတောင် ရှိနေပီလဲ မသိတော့ပါဘူး....။

"သားမင်...ထ အစားမစားခင်အရင်ဆုံး ဒေါ်ကြီးဆေးလိမ်းပေးမယ် နော်။ဆရာဝန်က သားနိုးလာရင် ဒီလိမ်းဆေးကိုယ်အသားထဲ သေချာလေးစိမ့်ဝင်အောင်လိမ်းပေးပါလို့မှာသွားတယ်။အဲ့ဒါမှ အမာရွတ်တွေဘာတွေလဲ မကျန်ခဲ့မှာတယ့်..."

"ဟုတ်ကဲ့ ဒေါ်ကြီး..."

သူမနှိုးလိုက်တော့ ထလာကာ pajamas လေးကိုယ် ‌ကြယ်သီးလေးဖြုတ်ပီး ချွတ်ချလိုက်တော့ ပေါ်လာခဲ့တယ့်ကျောပြင်ဖွေးဖွေးလေး...။အဲ့မှာမှ မြင်မကောင်းအောင် အရှိုးရာတွေထပ်နေလေသည်။တချို့ဆို အညိုဘက်သန်းနေပီး တစ်ချို့ကဆို သွေးတွေတောင် ဆို့နေလေသည်။သွေးက ခြောက်နေတယ့်နေရာတွေလဲရှိသလို အခုချိန်ထိ တစ်စက်စက်ထွက်နေတယ့်နေရာတွေလဲရှိသည်။

What is love? (Complete) Where stories live. Discover now