Part 21 ( Unicode & Zawgyi )

966 78 18
                                    


Unicode

"ထယ်ယောင်း မင်းရဲ့ပုံစံကဘာလို့ပြောင်းလဲသွားရတာလဲ?"

ချစ်ရသူလေးရဲ့ မေးလာခဲ့တယ့်စကားကြောင့် ထယ်ယောင်း သက်ပြင်းဘဲချလိုက်မိ တော့သည်။အခုဒီကောင်လေးက သူ့ကိုယ်မယုံကြည်နေတာဘဲ...။အေးပေါ့လေ...ကျွန်တော်ကလဲယုံချင်စရာရှိတယ့်ကောင်မှမဟုတ်တာ...။သူ့အပေါ်မှာဘဲ အမြဲတမ်းနာကျင်အောင်ဘဲလုပ်ခဲ့မိတာကိုယ်...။

"မောင် တောင်းပန်ပါတယ်...အရာအားလုံးအတွက်"

ခေါင်းကိုယ်ငုံချကာ ပြောလာခဲ့တယ့် ထယ်ယောင်းရဲ့စကားတွေကိုယ် ဂျီမင်း နားမလည်နိုင်တာအမှန်ပေ...။
တောင်းပန်တယ်တဲ့လား...ထယ်ယောင်းရယ်။မင်းဘယ်တုန်းကများတောင်းပန်တက်သွားရတာလဲ...?

"ငါတောင်းပန်ခိုင်းနေတာမဟုတ်ဘူး...။မင်းဘာကြောင့်အရင်နဲ့မတူဘဲပြောင်းလဲသွားရတာလဲ မေးနေတာ...။ဘာလဲ...? ဒါကကော ငါ့ကိုယ်နှိပ်စက်မဲ့ နည်းလမ်းအသစ်လား?"

မယုံကြည်စွာနဲ့ပြောလာခဲ့တယ့် ချစ်ရသူလေးရဲ့စကားဟာ ဓားသွားတွေလိုဘဲ ချွန်ထက်နေခဲ့တယ်...။မင်းကိုယ် နှိပ်စက်ချင်လို့မဟုတ်ပါဘူး...။မင်းကိုယ် မခွဲနိုင်လို့ မောင်ပြောင်းလဲလိုက်တာပါ...။မောင့်ရဲ့အချစ်တွေကိုယ် အခုချိန်ကစပီး မင်းယုံ‌ကြည်အောင်သက်သေပြသွားတော့မှာပါ...။

"မင်း ထင်သလိုမဟုတ်ပါဘူး...။မောင်လေ မင်းကိုယ်အရမ်းချစ်လို့ပါ...။မင်းမရှိရင် မောင့်ဘဝက မပြည့်စုံဘူး။အဲ့ဒါကြောင့် မောင့်ကိုယ်မထားခဲ့ပါနဲ့နော်...။အခုလိုချုပ်ထားရတာ‌လဲ မင်းထွက်ပြေးသွားမှာဆိုးလို့ပါ...။မင်းကိုယ်နာကျင်စေချင်တဲ့ စိတ်မရှိပါဘူး...မောင်ပြောတာယုံပေးပါ...။မောင်မင်းကိုယ် အရမ်းချစ်ခဲ့လို့ပါ ဟန်နီရယ်...မောင့်ကိုယ်မထားခဲ့ပါနဲ့နော်..."

ထယ်ယောင်းက အခုငိုနေခဲ့တာလား? ပီးတော့ ငါ့ကိုယ်ချစ်တယ်တဲ့လားကွာ...။မင်းကိုယ်ငါစိတ်နာခဲ့ပါတယ်...ဒါပေမဲ့မင်းအခုလိုငိုနေတော့ ငါ့ရင်ဘတ်ထဲက အရမ်းနာတာဘဲထယ်ယောင်းရယ်...။နာကျင်မှုတွေရှိရင်တောင် ငါဘဲခံစားပေးပါ့မယ်...မင်းကတော့အရင်လိုဘဲပျော်ပျော်ရွှင်ရွှင်နဲ့နေ ပေးပါလားဟာ...?

What is love? (Complete) Where stories live. Discover now