Part 9 ( Unicode & Zawgyi )

801 69 3
                                    


Unicode

  သူတို့ရဲ့ လက်ထပ်မဲ့ သတင်းက တောင်ကိုရီးယားတစ်နိုင်ငံလုံးမှာ ဟိုးလေးတစ်ကျော် ဖစ်သွားခဲ့သည်...။‌ တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးမှာနံပါတ်တစ်နေရာကို ပြေးနေတယ့် အအောင်မြင်ဆုံး Kim group ရဲ့ တစ်ဦးတည်းသောသားက ယောက်ျားချင်းယူတယ် ဆိုပီး ကဲ့ရဲ့ရှုံချသံတွေ ဝေဖန် အပြစ်ပြောတယ့်အသံတွေဟာလဲ နေရာတိုင်းမှာ မကြားချင်မမြင်ချင်မှအဆုံး မြင်နေကြားနေရသည်...။

တစ်ချို့ကြတော့လဲ မယားပါသားနဲ့ပြန်ယူတယ်ဆိုပီး
အပြစ်တင်နေကြလေရဲ့ ....။လိင်တူချင်းကြိုက်တာ သဘောမတူနိုင်ပါဘူးဆိုပီး ဆန္ဒပြတယ့်လူ‌တွေကပြနဲ့ ရုတ်ရုတ်သဲသဲကိုဖစ်နေခဲ့သည်....။

သူတို့ရဲ့ အ‌ခြေအနေကြောင့် company ကရှယ်ယာဈေးကွက်ဟာလဲ ရုပ်တရက်ကြီးထိုးကျသွားခဲ့သည်...။ ရှယ်ယာရှင် တွေကလဲ သူတို့ရဲ့ရှယ်ယာတွေကိုပြန်ထုတ်သွားကြတယ်...။ ဘယ်သူတွေဘယ်လောက်ဘဲ အပြစ်တင်ဝေဖန်နေ ကင်မ်ထယ်ယောင်းတို့ကတော့ ဂရုတောင်မစိုက်ဘူး သူလုပ်ချင်တာသူလုပ်တယ်...။ကျွန်တော်က သာအဲ့ကိစ္စဖစ်ပီးထဲက အိမ်ထဲကအိမ်ပြင်ပါမထွက်ရဲတော့ ချေ ...။

လိုင်းပေါ်မှာ လဲဘယ်တုန်းကဘယ်လိုရိုက်ထားမှန်းမသိတယ့် ကျွန်တော့်ပုံနဲ့ ထယ်ယောင်းပုံကို တွဲတင်ထားကြလေသည်...။အဲ့ကထဲ ကျွန်တော် အိမ်ပြင်ထွက်ဖို့ကိုတောင် ကြောက်သွားခဲ့ရတယ်။ကျွန်တော် လူတွေရဲ့ အပြစ်တင်တယ့်စကားသံတွေကိုမကြားချင်ဘူး။အထင်သေးတယ့်အကြည့်တွေနဲ့ ကြည့်တာကိုလဲအကြည့်မခံချင်ဘူး။ကျွန်တော်နဲ့ အမေနဲ့ကို သိုက်တူးတယ့်လူတွေဆိုပီး ပြောနေကြတာကိုယ် မကြားချင်ဆုံးဘဲ...။

"မင်းအဲ့ဒါတွေဘဲ ထိုင်ကြည့်ပီး စိတ်ဆင်းရဲမနေနဲ့"

ကျွန်တော်ဧည့်ခန်းထဲက ‌ဆိုဖာပေါ်မှာ ထိုင်ပီး လိုင်းပေါ်ကကျွန်တော်တို့ကို မကောင်းပြောထားကြတာတွေကို ဖတ်နေပီး သက်ပြင်းဘဲ ခနခနချနေမိတော့တယ်။ဒါကို ‌အနောက်ကဘယ်အချိန်ကလဲ မသိရောက်နေတယ့်လူကြောင့် အနောက်ကို စိတ်အလိုမကျစွာနဲ့သာ ပြန်လှည့်ကြည့်မိသည်။သူကသာ အိမ်ထဲကအိမ်ပြင်မထွက်ရဲတာ ထယ်ယောင်းကတော့ ရှိုးအပြည့်နဲ့ ပြင်ထားဆင်ထားလိုက်တာ များမင်းသားတောင်ရှုံးတယ်...။

What is love? (Complete) Where stories live. Discover now