Unicode
"Jimin...Jimin...Kim Jimin"
သူနှိုးလိုက်တော့မှ အင်းအဲလုပ်ပီး မျက်လုံးလေးကိုယ် ဖြည်းဖြည်းချင်းဖွင့်ကြည့်လာခဲ့လေသည်။ဖိအိပ်ထားတာကြာပီဖစ်တယ့် ပါးလေးတစ်ဖက်ကလဲ အနီရောင်လှိုင်းလေးတွေ ပြေးနေခဲ့သည်။
" အ့ Tae...ဘယ်တုန်းကပြန်ရောက်တာလဲ?"
ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တယ့် အချိန်မှာမြင်လိုက်ရတယ့်လူကြောင့် နည်းနည်းတော့ လန့်သွားမိသည်။စိတ်မချလို့ စောင့်နေပေမဲ့ သိသွားခဲ့ရင်လဲအပြောခံရမှာဆိုးလို့ တိုးတိုးတိတ်တိတ်လုပ်ပါတယ်ဆိုမှ အိပ်ကပျော်မိသွားသေးသည်။
"အေးအခုလေးတင်ဘဲ...။ ဒါနဲ့မင်းကအိပ်ခန်းထဲမှာသွားမအိပ်ဘဲ ဘာလို့ဒီမှာလာအိပ်နေတာလဲ"
"ငါမင်းကိုယ် စောင့်နေရင်းနဲ့အိပ်ပျော်သွားတာပါ"
မထူးတော့ဘူးလေ အမှန်အတိုင်းပြောရုံဘဲရှိ တော့တာပေါ့။ဖစ်လာသမျှပြသာနာကိုယ် ရင်ဆိုင်ရုံအပြင် တခြားနည်းလမ်းကမရှိတော့ဘူးလေ။ကျွန်တော်လဲပြောလိုက်ကော ထယ်ယောင်းကမျက်မှောင်တွေကိုယ်စုကျုန့်လိုက်ပီး စူးရှရှအကြည့်တွေ နဲ့ပြန်ကြည့်လာခဲ့သည်။
ဒီအကြည့်လား ကျွန်တော်သိတာပေါ့...။ ဒါထယ်ယောင်းရဲ့ ဒေါသထွက်ရင် ကြည့်တတ်တယ့်ပုံစံဘဲလေ။ သူနဲ့အတူနေတာအချိန်တွေကြာလာတော့ကျွန်တော်ထယ်ယောင်းရဲ့ပြောင်းလဲသွားတယ့် အမူအရာတွေကအစ ဖတ်တတ်နေခဲ့သည်။ဒါပေမဲ့လဲ နူးညံ့မှုတွေ တစ်စက်မှမပါတယ့် အမူအရာတွေဘဲပေါ့...။
ကျွန်တော့်ရဲ့ဘဝကကော်ဖီခါးခါးတစ်ခွက်သောက်နေရသလိုပါဘဲ ...ခါးတယ်။ဒါပေမဲ့ လဲအဲ့ခါးတယ့်အရသာကိုယ်ဘဲကျွန်တော်က စွဲလမ်းနေခဲ့တော့ အခုချိန်ထိမလွတ်မြောက်နိုင်သေးတာပေါ့။
ထယ်ယောင်းမင်းကငါ့အတွက်တော့ စွဲလမ်းစေတယ့်ကော်ဖီခါးခါးတစ်ခွက်လိုပါဘဲ...။ငါ့အတွက် အချိုမလိုဘူး...။
မင်းရဲ့ အချစ်တွေဘဲလိုအပ်တာ ကင်မ်ထယ်ယောင်း......။"ငါကစောင့်ခိုင်းခဲ့လို့လား ဒီမှာ Kim Jimin အပို တွေသိပ်လုပ်မနေနဲ့ "
YOU ARE READING
What is love? (Complete)
Fanfictionအရမ်းမုန်းတယ်.... ဒါပေမဲ့ အရမ်းလဲချစ်တယ်.................