Part4

31.5K 1.7K 123
                                    

စီးကရက်နဲ့အရက်နံ့​ရော​နေတဲ့ နှုတ်ခမ်းပါး​တွေသည် ယစ်မူးမက်​မောစွာနမ်းရှိုက်ရသည်အထိ စွဲမက်ဖွယ်​ဖြစ်​နေမယ်လို့ တစ်ခါမှမ​တွေးဖူးခဲ့။
လူငယ်ဘဝ ​ကျောင်းတက်ချိန်​တွေကို နယူး​ယော့မှာ ဖြတ်သန်းခဲ့ဖူးသူပီပီ လုံးကြီး​ပေါက်လှအမျိုးမျိုးနဲ့လည်း အပြာ​ရောင်ညတချို့ကို ကုန်ဆုံးခဲ့ဖူးသည်။မိန်းမလှများ၏ တီတီတာတာအသံတချို့ကို နားဆင်ခဲ့ဖူးသလို မျိုးတူတချို့၏ ချွဲနွဲ့သံ​တွေကိုလည်း သူခံစားခဲ့ဖူးသည်။

သို့​သော် ယခုကြုံ​တွေ့​နေရ​သော အခိုက်အတန့်နှင့်ယှဉ်လျင် ထိုအချင်းအရာ​တွေသည်​ မြူမှုန်​တွေမျှသာဖြစ်​ကြောင်း ကိုယ်တိုင်ခံစားသိရှိလိုက်ရ​လေပြီ။

'ပြွတ်'

"ဟင်း"

စက္ကန့်အ​တော်ကြာ ​စုပ်ယူနမ်းရှိုက်မိတဲ့ နှုတ်ခမ်းပါးတို့သည်​ ​ခေတ္တလွှတ်​ပေးလိုက်ရတာ​တောင် နှ​မြောဖို့​ကောင်း​နေတာဖြစ်သည်။
အရက်ရှိန်​ကြောင့် နီ​စွေး​နေ​သောပါးပြင်​တွေနဲ့ လက်ခုံနဲ့ဖွဖွပွတ်တိုက်လိုက်တိုင်း ယိမ်းယိုင်သွားသည့် ပါးရိုးတစ်​လျှောက်က ​မွေးညင်းနုနု​တွေကအစ အရူးအမူးဖြစ်​အောင် သူမက်​မောရသည်။

"​ဘေဘီ ​သေချာတယ်​နော်၊ ဒီတိုင်းလည်း အဆင်​ပြေ​အောင် ​ဖြေရှင်း​ပေးနိုင်တာ ​ဘေဘီသိတယ်​နော်"

​​ဆေးရှိန်တရိပ်ရိပ်တက်​နေ​​သော ​ကောင်​လေးကို လက်အားကိုးနဲ့တင် အကြိမ်ကြိမ်သူ​ဖြေ​လျှော့​ပေးခဲ့ပြီးဖြစ်ပြီး မဖြစ်မ​နေလိုအပ်မယ့် အ​ခြေအ​နေတစ်ခုကို ဖြတ်​ကျော်​ပေးခဲ့ပြီဖြစ်သည်။
ကိုယ့်ကို အသည်းအသန်လိုအပ်​နေချိန်မှာ ဒီ​ကောင်​လေးကို သူစိတ်ကြိုက်နှီး​နှောခွင့်ရှိသည်။သို့​သော် သူမလုပ်ချင်
ကိုယ့်ကိုလိုလားလို့၊စိတ်ပါလို့မဟုတ်ဘဲ ​ဆေး​​​ကြောင့် အသုံးချလိုက်ရတယ်ဆိုတဲ့ အဖြစ်မျိုးကို ကိုယ့်မာန​က လက်မခံသလို ဒီ​​ကောင်​လေးအ​ပေါ်ထားတဲ့ ကိုယ့်ချစ်​မေတ္တာ​တွေကလည်း လက်မခံခဲ့​ပေ။ကိုယ့်ကိုမချစ်နိုင်​သေး​လို့ sex partnerလို ပတ်သက်မှုမျိုးသက်သက်ပဲဆိုရင်​တောင် ဒီ​ကောင်​လေးရဲ့ နဂိုစိတ်ရင်းအမှန်နဲ့ သူ့ကိုလိုလား​နေတာမျိုးကိုသာ သူလိုချင်မိသည်။
ဒါ​ကြောင့်ပဲ နုံချာတဲ့အခွင့်အ​ရေးတစ်ခု ရလာတာ​တောင် သူအသုံးမချဘဲ အနမ်း​တွေ၊လက်​တွေနှင့်ပင် သူကြိုးစား​​ပေးခဲ့တာဖြစ်သည်။

Hotel California(Complete)Where stories live. Discover now