Note:လက်မထပ်ရသေးခင် တွဲခါစအစောပိုင်းကာလအချိန်အဖြစ်သည်။
●●●●●"ဟဲလို ဘာလဲဗျာ၊စောစောစီးစီး"
အိပ်ချင်မူးတူး အသံခပ်အစ်အစ်သည် လေလှိုင်းမှတဆင့် ထွက်ပေါ်လာတဲ့အခါ တည်ကြည်တစ်ယောက် အသာအယာပဲပြုံးလိုက်မိသည်။
ဒီလို စိတ်မရှည်သံမျိုးမှမဟုတ်ရင် ကိုယ့်ချစ်သူလေး ဘယ်ဟုတ်ပါ့မလဲလေ။"ဒေါသကြီးပဲကွာ၊ကိုယ် အိမ်ရှေ့ရောက်နေတာ၊ခဏဆင်းခဲ့ပါဦး ဘေဘီရဲ့"
"ဟာ ဘာလုပ်မို့လဲ၊ကျွန်တော် အိပ်ရေးမဝသေးဘူး
ဟိုတယ်ကနေပဲစောင့်ဗျာ၊ပြီးရင် ဟိုတယ်လာခဲ့မယ်
အခု ခဏလေးဆက်အိပ်လိုက်ဦးမယ်""နိုး နိုး မရဘူးဘေဘီ၊ခင်ဗျား ခဏလေးက နေ့ခင်း၁၂ထိတောင် ရောက်လာဖို့မသေချာဘူး
ခဏလေးပဲထွက်ခဲ့ပါ ဘေဘီရာ၊တကယ် ခဏလေးပဲ
ဘေဘီထွက်မလာရင် ကိုယ်ကားဟွန်းတီးပြီး ခြံတံခါးဖွင့်ခိုင်းလိုက်တော့မှာနော်""အား တကယ်ပါပဲဗျာ၊ခင်ဗျား တကယ်ချီးထုပ်ပဲ၊လာပြီ၊လာပြီ ခဏစောင့်"
ဆူအောင့်အောင့်ပြောရင်း ဖုန်းချသွားပုံထောက်ရင် သိပ်မကြာခင် လူဆိုးပေါက်စလေး ထွက်လာတော့မှာပဲဖြစ်သည်။
နှစ်ယောက်တွဲပြီး ပထမဆုံးကြုံရသည့် ဖေဖော်ဝါရီ၁၄မို့ အမှတ်တရဖြစ်ချင်တာမို့ လက်ဆောင်တွေကြိုပြင်ထားပြီး ဒီနေ့မနက်ခင်းမှာ ဟိုတယ်မသွားခင် ဘေဘီ့အိမ်ရှေ့ကို အရင်ဆုံးလာခဲ့တာပါ။ကိုယ်ကသာ လူကြီးဖြစ်ပြီး ဒီရက်ကို အမှတ်တရတွေဖြစ်ချင်တာ ကိုယ့်ရည်းစားလူဂွစာလေးကတော့ ပြက္ခဒိန်တောင် ကြည့်ဖြစ်ပုံမရ။'ကျွီ'
သံပန်းတံခါးဖွင့်သံနဲ့အတူ မှုန်တေတေ၊ခေါင်းစုတ်ဖွားလေးနဲ့ လူဆိုးလေးကိုမြင်လိုက်ရတော့ တည်ကြည်ပြုံးမိသွားသည်။
အဖြူရောင်တီရှပ်အပွနဲ့ ဘောင်းဘီဒူးဖုံးခပ်နွမ်းနွမ်းက ညအိပ်ဝတ်စုံနဲ့ အိပ်ရာထဲကထလာတယ်ဆိုတဲ့ သဘောပါပဲ။
မှုန်တေနေတာတောင် ကြည့်ကောင်းနေဆဲမျက်နှာလေးကို သဘောတကျကြည့်ရင်း သူကားပေါ်ကဆင်းလိုက်တော့ အနားထိဆက်လျှောက်လာတဲ့ လူဆိုးလေး
YOU ARE READING
Hotel California(Complete)
RomanceAge gap story ရေးနေကျ slow romanceမျိုး မဟုတ်ဘဲ ကြမ်းတဲ့အသုံးအနှုန်းတချို့အတွက် rating16plusပေးချင်ပါတယ်