"ကဲ ကိုလင်းရိပ် ခြင်းထဲလည်းပြန်ကြည့်ဦး၊
ဘီယာဆိုင်ပြန်ဖွင့်ဖို့များ စိတ်ကူးနေတာလား""ခင်ဗျားပဲ ကြိုက်တာရွေး၊ဝယ်ပေးချင်လို့'လို့ပြောတာလေ
ကျုပ်ကြိုက်တာကျုပ်ရွေးတာကို ဘာဖြစ်နေတာလဲ"သံဘူးတွေတစ်ဘူးပြီးတစ်ဘူး တွန်းလှည်းခြင်းထဲဝင်လာတာကြည့်ရင်း တည်ကြည်နန္ဒတစ်ယောက် ကိုယ်ပြောခဲ့တဲ့စကားကို ကိုယ်ပြန်နောင်တရချင်သွားသည်။
အခန်းထဲတင် ဂစ်တာတီးလိုက်၊စာဖတ်လိုက်၊သောက်လိုက်၊မှောက်လိုက်လုပ်နေသူကို ကြိုက်တာရွေး၊ဝယ်ပေးမယ်ဆိုပြီး အပြင်ခေါ်ထုတ်လာခြင်းတွင် သူရည်ရွယ်သည့် ကြိုက်တာရွေးသည် နာမည်ကြီးဘရန်းအမျိုးမျိုး၏ ဘောင်းဘီ၊အင်္ကျီ၊ဖိနပ်၊ဦးထုပ်များကို ရည်ရွယ်ခြင်းဖြစ်ပြီး matket placeထဲက ဘီယာဘူးများကို ရည်ရွယ်ခဲ့ခြင်းမဟုတ်။
အခုတော့ shopping mallထဲရောက်တာနဲ့ market placeဆီတန်းသွားပြီး ဘီယာဘူးနဲ့အမြည်းတွေဝယ်နေသူကြောင့် ကိုယ်ပြောခဲ့သည့်စကားကို ပြန်ပြင်ချင်လာရသည်။
ကြိုက်တာယူ၊ဘီယာနဲ့စီးကရက်မပါဟူ၍ပင်။"ဟိတ်လူ မျက်နှာကြီးစူပုပ်မနေနဲ့၊မဝယ်ပေးချင်လည်းရတယ် ဘယ်သူမှအတင်းမဝယ်ခိုင်းဘူး
ကိုယ့်ဘာသာရှင်းမယ်""ကျစ် လင်းရိပ်ညို၊စကားကို ဘယ်လိုတွေပြောနေတာလဲ
မင်းနဲ့ပတ်သက်ပြီး ဘယ်ဟာကိုများ တွန့်တိုတာ၊ငြိုငြင်တာရှိဖူးလို့လဲ
ဘာလို့ တစ်ချိန်လုံး ကိုယ့်စေတနာတွေကို မြောင်းထဲလွှင့်ပစ်နေရတာလဲ"အက်ကွဲကြောင်းတွေပါနေတဲ့ လေသံခပ်မာမာကြောင့် လင်းရိပ်ညို တစ်ချက်တော့ အားနာစိတ်ဝင်သလိုဖြစ်သွားရသည်။သူ့အကျင့်အတိုင်း စကားနဲ့အနိုင်ယူနေကျမို့ မဆင်မခြင်တွေ ပြောလိုက်မိတာ တစ်ဖက်လူရဲ့ စေတနာကို စော်ကားသလိုတော့ နဲနဲဖြစ်သွားသလားမသိ။ဒီတစ်လဆိုတဲ့ အချိန်အတွင်းမှာ မတောင်းဘဲရနေတဲ့ ဒီဘဲကြီးရဲ့ စေတနာ၊အကြင်နာတွေက ပိုတဲ့အပြင်လျှံတောင်ကျနေခဲ့သည်ပဲလေ။ကိုယ်ဘယ်လောက် မိုက်ရိုင်းနေပါစေ အပြုံးမပျက်ဘဲ အမြဲသဘောကျနေတတ်တာတွေ၊ကိုယ့်အပေါ်ဆို စေတနာတွေ ပိုသည့်အပြင်လျှံကျနေတာတွေက နေ့တဓူဝ တွေ့မြင်၊ခံစားနေရတာတွေပါပဲ။
အခုတော့ ဒီဘဲကြီး နဲနဲစိတ်မကောင်းဖြစ်သွားပုံရသည်။မျက်နှာကြီးပါ မီးပျက်ထားသလို မှောင်မိုက်နေလေပြီ။
ဒီတစ်ခါတော့ ကိုယ့်အမှားလည်းပါတာမို့ အားနာပါးနာနဲ့ပဲ လေသံနဲ့မျက်နှာအနေအထားကိုလျှော့ပြီး
YOU ARE READING
Hotel California(Complete)
RomanceAge gap story ရေးနေကျ slow romanceမျိုး မဟုတ်ဘဲ ကြမ်းတဲ့အသုံးအနှုန်းတချို့အတွက် rating16plusပေးချင်ပါတယ်