"ကိုယ့်မေမေနဲ့ညီမလေး သဘက်ခါမနက်လေယာဉ်နဲ့ ဒီကိုရောက်မှာ
သွားကြိုရင် လိုက်ခဲ့နော်ဘေဘီ"လည်တိုင်တစ်လျှောက်ကို နှုတ်ခမ်းနဲ့ပွတ်သပ်ရင်း သူပြောလိုက်တော့ ရင်ခွင်ထဲက အကောင်ပေါက်လေးက ရုပ်ရှင်ကြည့်နေရာကနေ ဆတ်ခနဲဖြစ်သွားသည်။
သောကြာညမှာ ဘယ်မှမသွားဘဲ အခန်းအောင်း၊ရုပ်ရှင်ကြည့်ရင်း ဖြတ်သန်းဖြစ်တာပါ။
စိတ်တူကိုယ်တူချစ်သူတွေ ဖြစ်ကြပြီးတဲ့နောက် အားလပ်ချိန်တွေကို လူအများနဲ့မကုန်ဆုံးချင်ဘဲ နှစ်ယောက်တည်းသီးသန့်အချိန်ဖြုန်းဖို့ကိုသာ သူရော၊ဘေဘီရော ဆန္ဒရှိတာမျိုးပင်။
ဒီလို ရုပ်ရှင်ကြည့်ဖြစ်တဲ့ ညတွေမှာတော့ ရုပ်ရှင်ကိုစိတ်ပါဝင်စားစွာ ကြည့်တဲ့သူက ဘေဘီသာဖြစ်ပြီး သူကတော့ ထိုအမွေးစုတ်ဖွားခွေးပေါက်စလေးကို ရင်ခွင်ထဲထည့်ရင်း၊သူ့စိတ်ကြိုက်နမ်းရှုံ့ရင်း ချစ်မဝ၊နမ်းမဝဖြစ်နေတတ်တာမျိုးပင်။"ဘာလို့ခုမှပြောတာလဲ၊ပြီးတော့ အလည်လာတာလား၊ဘာလုပ်ဖို့လဲ"
"ခုမှပြောတာက ခုမှသေချာသွားလို့ပါခင်ဗျာ
ကိစ္စကတော့ ရည်မွန့်ကိစ္စပါ၊သူတို့တက္ကသိုလ်နဲ့ချိတ်ဆက်ပြီး ဖွင့်ထားတဲ့ ဒီကတက္ကသိုလ်တစ်ခုမှာ presentationလုပ်ဖို့ရှိလို့၊ဟိုဖက်ကျောင်းက ကထိကတစ်ယောက်အနေနဲ့ လာရမှာ
မေမေကတော့ ဒီကိုမရောက်တာကြာလို့ ညီမလေးနဲ့အတူ အလည်လိုက်လာတာပေါ့
အင်း ပြီးတော့ သမက်လောင်းလေးကို တွေ့ချင်တာလည်း ပါမှာပေါ့ အဟွန်း"ရှင်းပြသူက ပြည့်ပြည့်စုံစုံရှင်းပြလာတော့လည်း သူ့မှာဘာလုပ်လို့ဘာကိုင်ရမှန်းမသိ
ကိုယ့်ရည်းစားရဲ့ မိသားစုနဲ့တွေ့ရမယ်ဆိုတဲ့ စိတ်ကြောင့် မျက်နှာပူသလို၊စိတ်လှုပ်ရှားသလိုဖြစ်မိသလို၊တွေဖို့လည်း မရဲသလိုခံစားရသည်။
သူ့ပုံစံက လူကြီးတွေအမြင်မှာ ထောင့်ကျိုးတဲ့ပုံမျိုး ဟုတ်မနေ။"ဘာလို့ ငြိမ်သွားတာလဲ ဘေဘီရဲ့၊ကိုယ့်မိသားစုတွေက ဘေဘီ့ကို အပြင်မှာတွေ့ချင်နေကြတာ
ပုံမှန်ဆို မေမေကကျန်းမာရေးမကောင်းလို့ ဒီလောက်ဝေးတဲ့ခရီးကို လေယာဉ်အကြာကြီးစီးပြီး လာမှာမဟုတ်ဘူး
သူ့သမက်လောင်းလေးကို အပြင်မှာတွေ့ချင်လို့သာ သူလိုက်လာတာ၊ကိုယ်သိတယ်"
YOU ARE READING
Hotel California(Complete)
RomanceAge gap story ရေးနေကျ slow romanceမျိုး မဟုတ်ဘဲ ကြမ်းတဲ့အသုံးအနှုန်းတချို့အတွက် rating16plusပေးချင်ပါတယ်