"ရောက်လာပြီလား၊ မင်း လက်လွန်ခြေလွန်တော့ မဖြစ်စေနဲ့နော်"
"စိတ်ချပါ၊ဒီကောင်တွေကြောင့်တော့ လက်သွေးစွန်းမခံဘူး
လူမသေစေရပါဘူး၊အလွန်ဆုံးဖြစ်မှ ဘဝသေရုံပေါ့""အေး ကောင်းကွာ၊အိပ်နေတဲ့နဂါးကြီးကိုမှ လာနှိုးတော့လည်း ခံပေဦးပေါ့
ဒီနဂါးကလည်း သူ့ကိုထိရင်တောင် ဒီလောက်လုပ်မှာမဟုတ်ဘူး၊သူ့ဟာလေးမှ သွားထိတာကိုး"မဲ့ကာရွဲ့ကာရေရွတ်နေတဲ့ မင်းခေတ်ကို ရယ်ရင်း ပခုံးပုတ်ပြီးနောက် ဂိုထောင်ပျက်ကြီးရှိရာကို ဝင်လာခဲ့ပြီး ထိုမှတဆင့် လှေကားတွေအတိုင်း မြေအောက်ခန်းထဲ ဆင်းလာလိုက်သည်။
အောက်ထပ်ရောက်တာနဲ့ တိပ်ပိတ်ထားသည့် ပါးစပ်တွေကနေ ဝူးဝူးဝါးဝါးအော်သံတွေကို အရင်ဆုံးကြားရပြီး ရုန်းမရတဲ့ကြိုးတွေကြားကနေ ဇွတ်ရုန်းနေကြတဲ့သူတွေ၊အဝတ်စည်းခံထားရသည့် မျက်လုံးတွေကြောင့် အသံကိုသာ နားစွင့်နေပုံရတဲ့ အနေအထားတွေနဲ့ ခွေးဝဲစားနှစ်ကောင်ကို သူမြင်လိုက်ရသည်၊
လက်နှစ်ဖက်လုံးကို အသင့်ပါလာတဲ့ လက်အိတ်ဝတ်လိုက်ပြီးနောက် ခြေသံကြားတာနဲ့ ပို၍အော်ဟစ်လာသူတွေနားကို တိုးကပ်သွားရင်း'ဖြန်း ဖြန်း ဖြန်း'
"အာ့ ဝူး ဝူး"
မျက်နှာနှစ်ခုကို လည်ထွက်အောင် ဖြတ်ရိုက်တဲ့နောက် ထွက်လာတဲ့ ဝူးဝူးဝါးဝါးအသံတွေက အကျည်းတန်ပေမယ့် နားထောင်ကောင်းနေသလိုရှိသည်။လူတွေကြည့်တော့ ဆေးသမားယောင်ယောင်၊ကလေကချေယောင်ယောင်တွေနဲ့ ကိုယ့်အဖိုးတန်လေးကိုမှ လာထိပါးချင်သေးသည်။
တည်ကြည်နန္ဒပိုင်ပြီးရင် ဘယ်သူမှထိလို့မရဘူးဆိုတာကို ဒီဟာလေးတွေ မသိလိုက်တာ ကံဆိုးတာပဲဖြစ်သည်။"ကျက်သရေမရှိတဲ့ မင်းတို့အသံတွေ ထွက်မလာအောင် ပါးစပ်တွေကို ပိတ်ထားကြစမ်း"
"ဝူး ဝူး"
"ကျစ် လူစကား နားမလည်ကြဘူးဘဲ
အင်းပေါ့ ပြောထားတဲ့စကားကိုမတည်၊ အရှုံးကိုရင်မဆိုင်ရဲဘဲ လူတစ်ဖက်သားကို တမင်ဒုက္ခပေးတဲ့ မင်းတို့လိုကောင်တွေက ဘယ်လူဟုတ်ပါ့မလဲ အဟက်
မင်းတို့အသိဝင်သွားအောင် နည်းနည်းလောက်ကန်ပေးမယ် ဟုတ်ပလား"
YOU ARE READING
Hotel California(Complete)
RomanceAge gap story ရေးနေကျ slow romanceမျိုး မဟုတ်ဘဲ ကြမ်းတဲ့အသုံးအနှုန်းတချို့အတွက် rating16plusပေးချင်ပါတယ်