မမျှော်လင့်ဘဲ စခဲ့တဲ့ ခရီးလေးတစ်ခု အဆုံးသတ်ရောက်သွားပြန်ပြီပေါ့နော်။
၁၀လပိုင်းလောက်တုန်းက ထင်ပါတယ်၊ရေချယ်အလုပ်ကိစ္စနဲ့ Inya lakeဟိုတယ်ကို ရောက်ဖြစ်ခဲ့ပါတယ်။မြက်ခင်းပြင်ကြီးကိုကြည့်ရင်း ဒီလိုviewနဲ့ စတိုရီလေးတစ်ခုလောက် ရေးချင်တယ်လို့ စိတ်ကူးခဲ့မိပါတယ်။
ကြားထဲမှာ မေ့မေ့ပျောက်ပျောက်ဖြစ်နေရင်းကနေ နိုဝင်ဘာရဲ့ ညနေဖက်မှာ ရေချယ်Hotel Californiaသီချင်းကို နားထောင်ရင်း အရမ်းကြိုက်တဲ့သီချင်းလေးနဲ့ အမှတ်တရလေးရှိချင်လိုက်တာလို့ တွေးမိပြီး ချက်ချင်းအကောင်အထည်ဖော်ဖြစ်ခဲ့တယ်။
ခေါင်းစဉ်ကို ကိုယ်အရမ်းကြိုက်တဲ့သီချင်းနာမည်ပဲ လွယ်လွယ်ကူကူပေးခဲ့ပြီး ကာရိုက်တာနာမည်တွေကိုလည်း ခေါင်းထဲပေါ်လာတာ ချရေးခဲ့တာပါ။
ပထမဆုံးဇာတ်ဝင်ခန်းအတွက် စဉ်းစားချိန်မှာတော့ အင်းယားလိတ်ရဲ့ညနေခင်းအချိန်ကို သတိရပြီး အရင်ရှိခဲ့တဲ့အတွေးကိုပါပေါင်းပြီး ရေးဖြစ်ခဲ့တာပါ။
စာဖတ်သူတွေသိကြတဲ့အတိုင်း ရေချယ့်ဇာတ်ကောင်တွေက အေးကြ၊တည်ငြိမ်ကြတာများပါတယ်။လင်းရိပ်ညိုလိုကာရိုက်တာကို တစ်ခါမှမရေးခဲ့ဖူးတော့ စိုးရိမ်ခဲ့တယ်၊မရေးနိုင်မှာလည်း ကြောက်တယ်၊ဒါကြောင့်ပဲ ဒီficကိုရေးနေပါတယ်ဆိုတာတောင် ပရိုမုတ်မလုပ်ဘဲ တိတ်တိတ်လေးရေးဖြစ်ခဲ့တာပါ။
မမျှော်လင့်ဘဲ Arloo's Random Recommendationsမှာ ပထမဆုံးreviewရခဲ့ပြီး နောက်ပိုင်းမှာလည်း groupတွေထဲမှာ reviewရေးပေးတာတွေတွေ့ရတော့ ရှေ့ဆက်ဖို့ ပိုပြီးအားဖြစ်ခဲ့ရသလို၊ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုရခဲ့ပါတယ်။
ရေချယ်ရေးတာဆို ကောင်းတယ်၊ဖတ်မယ်ဆိုတဲ့ cmtမျိုးတွေရခဲ့လို့ ခွန်အားတွေလည်းရသလို၊ပြောမပြတတ်အောင်လည်း ပျော်ခဲ့ရပါတယ်။
အစကနေအဆုံး အတူရှိပေး၊ဖတ်ပေးခဲ့ကြတာကို ကျေးဇူးအများကြီးတင်ရပါတယ်နော်။ရိပ်နဲ့ဘဲကြီးရဲ့ marriage life၊family lifeလေးကိုလည်း ဆက်ရေးဖို့ရှိပါတယ်။
ဒါပေမဲ့ လောလောဆယ်တော့ ရေချယ်နေမကောင်းဖြစ်နေဆဲမို့ အချိန်အနည်းငယ်ယူပြီး နားပါဦးမယ်။
ပြီးရင်တော့ ပြန်တွေ့ကြတာပေါ့နော်။
YOU ARE READING
Hotel California(Complete)
RomanceAge gap story ရေးနေကျ slow romanceမျိုး မဟုတ်ဘဲ ကြမ်းတဲ့အသုံးအနှုန်းတချို့အတွက် rating16plusပေးချင်ပါတယ်