"ဪ ကိုလင်းရိပ်၊ဆရာ့ဆီလာတာလား"
"ဟုတ် မသီရိ၊ဖုန်းဆက်တာလည်း မကိုင်လို့၊သူအစည်းအဝေးရှိတာလား"
"မဟုတ်ဘူး ကိုလင်းရိပ်၊ဆရာ kitchenဖက်မှာ Chefနဲ့သင်တန်းရှိလို့လို့ ပြောတယ်
ဖုန်းက silentလုပ်ထားတယ်ထင်တယ်
ကိုလင်းရိပ် လိုက်သွားလို့ရတယ်လေ"မသီရိအပြောကြောင့် သူအနည်းငယ်အံ့ဩသွားရသည်။Chefနဲ့သင်တန်းဆိုတော့ သူက ဟင်းချက်သင်နေတာလား
ဘယ်တုန်းကများ ဟင်းချက်နည်းကို စိတ်ဝင်စားသွားရတာလဲ၊အမြဲတမ်း စားဖိုမှူးချက်ကျွေးတာပဲ စားနေတာပဲမဟုတ်ဘူးလားလေ။ဒီနေ့က ကျောင်းဖွင့်ရက်ပေမဲ့ နေ့ခင်းအတန်းမရှိတာမို့ နေ့လည်စာအတူစားမယ်ဆိုပြီး ဟိုတယ်ဘက်ကို ထွက်လာခဲ့တာပါ၊လာနေတဲ့လမ်းမှာလည်း ဖုန်းခေါ်ပေမဲ့ မကိုင်တာမို့ အစည်းအဝေးလုပ်နေတယ်ပဲ ထင်ခဲ့တာ၊chefနဲ့သင်တန်းတက်နေတယ်ဆိုတော့ သူ့မှာပါးစပ်အဟောင်းသားပါပဲ။
"ဟုတ် အဲဒါဆို ကျွန်တော်လိုက်သွားလိုက်ဦးမယ်
ဘယ်အခန်းလဲ၊Chefရဲ့ သီးသန့်အခန်းမှာလား""ဟုတ်တယ် ကိုလင်းရိပ်"
အတွင်းရေးမှူးမသီရိကို နှုတ်ဆက်ပြီး သူအောက်ထပ်ကို ပြန်ဆင်းလာခဲ့လိုက်သည်။
Chef Xavierရဲ့ နားနေခန်းဖြစ်တဲ့၊ဟင်းလျာအသစ်တွေကို စမ်းသပ်ရာနေရာလည်းဖြစ်တဲ့ သီးသန့်အခန်းရှေ့ရောက်တော့ တံခါးရဲ့တစ်ဝက်မှာရှိတဲ့ မှန်ကနေ အထဲကိုလှမ်းကြည့်လိုက်မိသည်။
Chefပြောသမျှကို ခေါင်းတညိတ်ညိတ်နဲ့ လုပ်နေသူက လက်ထဲမှာလည်း မှတ်စုစာအုပ်နဲ့ဘောပင်ကိုင်ထားသလို၊ခါးမှာလည်း ဧပရွန်ကိုဟန်ပါပါစီးထားသေးသည်။'ဒေါက် ဒေါက်'
တံခါးကို ခပ်ပြင်းပြင်းနှစ်ချပ်ခေါက်လိုက်တော့ လှည့်ကြည့်လာတဲ့ ခေါင်းနှစ်လုံး
ကျွန်တော်မှန်းသိတော့ လက်ဟန်အမူအရာပြပြီး ဝင်လာဖို့ပြောတာမို့ တံခါးကိုတွန်းဖွင့်ရင်း အထဲကိုဝင်သွားလိုက်သည်။"မတွေ့ရတာကြာပြီ Xavier"
"အမှန်ပဲ၊မင်းပျောက်နေတာ တော်တော်ကြာသွားတယ်
ဒါနဲ့ ဘော့စ်ဆီက သတင်းတွေကြားပါတယ်၊နှစ်ယောက်လုံးကို အခုကတည်းက ကြိုဂုဏ်ပြုထားလို့ရမလား"
أنت تقرأ
Hotel California(Complete)
عاطفيةAge gap story ရေးနေကျ slow romanceမျိုး မဟုတ်ဘဲ ကြမ်းတဲ့အသုံးအနှုန်းတချို့အတွက် rating16plusပေးချင်ပါတယ်