Part14

24.6K 1.5K 61
                                    

"​​ဘေဘီ ည ပွဲပြီးရင် မူး​အောင်မ​သောက်နဲ့​နော်
ဒီကိုပဲပြန်လာခဲ့​နော်"

"မှာ​နေတာ အခါ၁၀၀​လောက်ရှိပြီ"

"အဲ့အခါ၁၀၀မှာ ဟုတ်ကဲ့လို့ ​ကောင်း​ကောင်းမွန်မွန်ပြန်​ဖြေတာက ၁ခါ​တောင်မရှိ​သေးတာလည်း ပြန်စဉ်းစားဦး"

"ဟာ ခင်ဗျားတအားစွာတာ​နော်၊ကတ်တီးကတ်ဖဲ့​တွေ အရမ်းပြန်​ပြောတယ်၊အကြီးဖြစ်ပြီး အငယ်ကို အ​​လျှော့​ပေးမယ်စိတ်မကူးဘူး"

"အင်း ဒီ့ထက်အ​လျှော့​ပေးရရင်လည်း ​ဘေဘီ့​ရှေ့ကို ကိုယ့်​ခေါင်းထိုး​ပေးပြီး ​ခေါင်း​မွေး​တွေ​ပြောင်​အောင်နှုတ်ခိုင်းဖို့ပဲရှိ​တော့မယ်"

လက်က ကွန်ပြူတာကီးဘုတ်​ပေါ်  ​တ​ဂျောင်း​ဂျောင်း​​ပြေး​နေသလို၊ပါးစပ်ကလည်း တစ်ခွန်းမကျန်ပြန်​ချေပ​နေသူ​ကို သူအမြင်ကတ်စွာပဲ ​စောင်းငဲ့ကြည့်မိသည်။
ရင်းနှီးမြှုပ်နှံမှုအတွက် ရှယ်ယာရှင်အသစ်ဖြစ်လာမဲ့သူနဲ့ ညစာစားဖို့ရှိတာမို့ ဒီညအဖို့ သီချင်းဆိုမယ့်ဘားရှိရာကို သူမလိုက်နိုင်
ဒါကိုပဲ အ​တောမသတ်နိုင်​အောင် မှာမဆုံးဖြစ်​နေတာက လူကို သူ့ရုံးခန်းထဲ​ခေါ်လာ၊ထိုင်ခိုင်းထားပြီးမှာ​နေတဲ့အထိ။

"လူကို အသည်းယား​အောင် လာကြည့်မ​နေနဲ့​နော်၊မအား​သေးလို့ ငြိမ်​နေတာ
ဆက်ကြည့်​နေရင် အလုပ်​တွေပစ်ပြီး လာနမ်း​တော့မှာ"

ရုံးခန်းထဲက ဆိုဖာခုံ​ပေါ်ထိုင်ပြီး လူကိုဂြိုလ်ကြည့် ကြည့်​နေတဲ့​ကောင်​လေးကို ​အကြည့်တစ်ချက်ပို့ရင်း ​​ပြော​တော့ ပြန်ရလိုက်တာက ​ပေ​စောင်း​စောင်းအကြည့်နဲ့အတူ လက်ခလယ်​ထောင်ပြခြင်း။
သူ့မှာ ​ခေါင်းတရမ်းရမ်းနဲ့သာ ပြုံး​နေရသည်။
ဒီ​အရိုင်းတုံး​လေးဆီက အဆဲအဆိုမခံရရင်​တောင် သူ့မှာအိပ်မ​ပျော်စားမဝင်ဖြစ်​နေရတာပဲကိုး။

"အ​​ပေါ်ဆုံးမှာ အလုပ်သမား​တွေအများကြီးပဲ၊အဲဒါ ဘာလုပ်မှာလဲ"

"ဪ အဲဒါလား၊ဟုတ်သားပဲ ​ဘေဘီ့ကိုမ​ပြောပြဖြစ်​သေးဘူးပဲ
အဲဒါ barလုပ်မှာ​လေ၊ခင်ဗျား ​နောက်ဆို ဆိုင်တကာပတ်ပြီး မူးမ​နေ​အောင်လို့၊ဒီမှာတင်အကြိုက်​သောက်လို့ရ​အောင်လို့ ဘားလုပ်မှာ"

Hotel California(Complete)Donde viven las historias. Descúbrelo ahora