ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနကနေ သူထွက်လာတော့ ကားတံခါးကိုမှီလျက် ရပ်နေသူကို တွေ့လိုက်ရပြီး သူခြေလှမ်းတွေတုံ့သွားရသည်။
ဒီလူကြီး နေ့တိုင်းသူရှိရာလိုက်နေရတာကို အခုထိငြီးငွေ့ဟန်မပေါ်။
ကျောင်းချိန်ဆိုလည်း ကျောင်းကိုလိုက်လာသည်၊ဆေးရုံတွေမှာ လက်တွေ့ဆင်းချိန်ဆိုလည်း ကိုယ်ရှိတဲ့ဆေးရုံကို သူရောက်လာပြန်တာပဲဖြစ်သည်။
ညဖက်ဆိုလည်း ဖုန်းတွေဆက်၊စာတွေပို့နဲ့ အချိန်တိုင်းသူ့အလုပ်ချည်းဖြစ်နေတော့တာဟာ တားမရဆီးမရ။
ဒီလိုတွေမလုပ်ဖို့ပြောရင်လည်း မျက်နှာလေးငယ်ပြီး "ကိုယ့်ကို ခွင့်မလွှတ်နိုင်သေးရင်တောင် ဒီလောက်တော့ အခွင့်အရေးပေးပါ၊မိတ်ဆွေတွေလိုတော့ ဆက်နေခွင့်လေးပေးပါ"ဟု ပြောပြန်တော့ သူနဲ့ပတ်သက်ရင် အသည်းမမာနိုင်တဲ့ကိုယ်ဟာ ဘာမှရှေ့မဆက်နိုင်။
ဒီလိုနဲ့ပဲ လုံးလည်လိုက်နေတော့တာ ၁လနီးပါးပင်ရှိတော့မည်ဖြစ်သည်။ဂျူတီကုတ်လေးတလွှားလွှားနဲ့ မျက်ခုံးတွေတွန့်ချိုးပြီး လူဆီလျှောက်လာနေတဲ့ ကောင်လေးကိုကြည့်ရင်း ရပ်ကြည့်ခွင့်ပဲရှိသည့် သူမပိုင်ဆိုင်နိုင်သည့် နှင်းဆီးရိုင်းလေးတစ်ပွင့်လို့ တွေးမိတော့ ရင်ထဲမှာဆွေးမိသွားရသည်။
ဘေဘီဟာ နှင်းဆီရိုင်းလေးပါပဲ၊အကိုင်အတွယ်ညံ့ဖျင်းသွားတဲ့သူကတော့ နှလုံးသားတစ်ခုလုံး ဆူးဒဏ်ရာတွေနဲ့ ထိရှခံနေရပါပြီ။
ဒါပေမဲ့လည်း သူကျေနပ်ပါသည်၊ကိုယ့်အပြစ်နဲ့ကိုယ်ပဲမို့ ဒဏ်ရာတွေကို သူကျေနပ်ပါသည်။
အနည်းဆုံးတော့ သူ့နှင်းဆီရိုင်းလေးကို ဂျူတီကုတ်ဝတ်ထားတဲ့ ဆရာဝန်လောင်းလေးအဖြစ် သူမြင်နေရသေးသည်ပဲလေ။"ခင်ဗျား ဒီအထိရောက်လာပြန်ပြီ၊အားနေတာပဲနော် တော်တော်"
"အဟွန်း ဒီလိုအသံလေး ကြားမှကြားရပါမလားလို့ကွာ
ဒီဖက်ရောက်တုန်းလေး ဘေဘီ့ကို မုန့်ကျွေးချင်လို့ ဝင်လာတာပါ""ကျုပ်က ကလေးလားဗျာ၊တစ်ချိန်လုံး မုန့်လိုက်ကျွေးနေတာ၊အဲ့လိုတွေမလုပ်ပါတော့နဲ့လို့ ဒီလောက်ပြောနေတာကို ခင်ဗျားက ကျုပ်စကားကို တစ်စက်လေးမှ အဖက်မလုပ်တာနော်"
ŞİMDİ OKUDUĞUN
Hotel California(Complete)
RomantizmAge gap story ရေးနေကျ slow romanceမျိုး မဟုတ်ဘဲ ကြမ်းတဲ့အသုံးအနှုန်းတချို့အတွက် rating16plusပေးချင်ပါတယ်