"တည်ကြည် မင်းတကယ် လက်သွက်ခြေသွက်နော်၊ငြိမ်နေတဲ့နှစ်တွေကြာတော့ စကေးတွေကျကုန်ပြီမှတ်တာ၊မင်းက သွက်လှချည်လားကွ
ခွေးကောင် အဆင်ပြေတော့ငြိမ်နေတာ၊ဒီဖအေကို သတိမရဘူး မင်း"ဟိုတယ်ကိုဗြုန်းစားကြီး ရောက်ချလာပြီး မရပ်မနား စက်သေနတ်ပစ်နေတဲ့ မင်းခေတ်က မနေ့ညနေက ကျွန်တော်တို့နှစ်ယောက် မိုးရွာထဲပြေးနေတာကို ကားပေါ်ကနေမြင်သွားပြီး တအံ့တဩဖြစ်နေတာပါ။
ကွန်ဒိုမှာလား၊ဟိုတယ်မှာလားလို့ စာပို့လာသူကို ဟိုတယ်မှာလို့ပဲ စာပြန်ရသေး မနက်စောစောပေါက်ချလာတော့တာ၊၈နာရီပင်ထိုးလုလုရှိသေး။"မင်းကွာ ငါ့အကြောင်းအဲ့လောက်စိတ်ဝင်စားရလား၊စောစောစီးစီးတောင် ရောက်ချလာတာ"
"ကန်ဘောင်မှာ မနက်အစောလာပြေးတာ ငါ့ကောင်ရဲ့၊မင်းဆီ စောစောလာတာတော့ သိချင်တဲ့သတင်းလည်းသိရ၊ကိုယ့်ဘာကိုယ် ဝယ်မစားနိုင်တဲ့ မနက်စာဘူဖေးလည်း မင်းဝယ်ကျွေးတော့ အလကားစားရ၊တစ်ချက်ခုတ်နှစ်ချက်ပြတ်အောင်ပေါ့ကွာ ဟဲဟဲ"
အကြံသိပ်မပိုင်ရှာတဲ့ သူငယ်ချင်းကြောင့် ဟက်ခနဲပဲ ရယ်လိုက်မိတော့သည်။
ဒီလိုပါပဲ ကိုယ်ကျွေးချင်၊ပေးချင်တဲ့သူကကျ မယူချင်လို့ ရန်လုပ်
ပေးဖို့၊ကျွေးဖို့စိတ်ကူးထဲမရှိသည့် သူငယ်ချင်းကကျ ကတုံးပေါ်ထိပ်ကွက်ဖို့ပြင်နဲ့ ဟုတ်နေတာပါပဲ။"ဒါဆို မင်းက ဘာဗျူဟာမှမထုတ်လိုက်ရခင်ကို အူတိုလွန်ပြီး အပိုင်လုထားလိုက်ရတာပေါ့"
စားသောက်ခန်းထဲရောက်ပြီး စားချင်တာယူပြီး ထိုင်လိုက်တာနဲ့ စကားစပြန်ဆက်လာတဲ့ မင်းခေတ်
သူသိချင်နေတာတွေကို မသိလိုက်ရမှာ စိုးရိမ်နေပုံပါပဲ"ဒါကိုက ရုတ်တရက်အသုံးချလိုက်တဲ့ ဗျူဟာပဲပေါ့ကွာ
ငါ ရိပ်ကို အဲ့လိုတခြားတစ်ယောက်နဲ့ ပျော်ပါးတော့မှာကို ကိုယ်တိုင်တွေ့လိုက်ရတာ ဘယ်လိုမှကို အဆင်မပြေတော့တာ
ပြောရရင် အဲ့အချိန်မှာ ပိုသေချာသွားတာ၊ငါ ရိပ်ကို ခဏတာစိတ်ဝင်စားတာမဟုတ်ဘဲ လက်လွှတ်မခံနိုင်အောင် ချစ်မိသွားတယ်ဆိုတာ
ပြောရရင် အဲ့အချိန်မှာ ဟိုကောင်လေးကလည်း မသွားသလို၊ရိပ်ကလည်း အဲ့ကောင်လေးကို ဆွဲထားမယ်ဆိုရင် ငါ့ဝန်ထမ်းတွေရှိတဲ့ ငါ့နေရာမှာ အရှက်လုံးလုံးကွဲနိုင်တယ်ကွာ
အနဲဆုံး ပေါ်တင်မပြောရဲတောင်၊cctvမှတ်တမ်းကနေ အချင်းချင်းကြား ပျံ့သွားမှာ သေချာပေါက်ပဲ
ဒါပေမယ့် အဲဒီအချိန်မှာ ငါဘာကိုမှ မတွေးနိုင်တော့ဘူး၊ငါသိတာတစ်ခုပဲရှိတော့တယ် အဲဒါက လင်းရိပ်ညိုကို ငါကလွဲပြီး ဘယ်သူမှမပိုင်၊မဆိုင်စေရဘူးဆိုတာပဲ"
YOU ARE READING
Hotel California(Complete)
RomanceAge gap story ရေးနေကျ slow romanceမျိုး မဟုတ်ဘဲ ကြမ်းတဲ့အသုံးအနှုန်းတချို့အတွက် rating16plusပေးချင်ပါတယ်