'လူကြီးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှာ တပ်ဆင်ထားခြင်းမရှိပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်'
ပြောင်းလဲသွားသောဖုန်းထဲက အမျိုးသမီးအသံကြောင့် သူ့ရဲ့ယိုင်နဲ့နဲ့ မျှော်လင့်ချက်လေးမှာ ပြိုလဲလုလုဖြစ်သွားရသည်။
သူစခေါ်ချိန်မှာ ဝင်နေသေးတဲ့ဖုန်းခေါ်ဆိုမှုဟာ ၃ခါမြောက်မှာ တပ်ဆင်ထားခြင်းမရှိပါလို့ ပြောလာတာဟာ သူ့ရဲ့ ခပ်ပါးပါးမျှော်လင့်ချက်တွေကို အရှိန်ပြင်းပြင်းနဲ့ နင်းခြေသွားတာနဲ့ အတူတူသာဖြစ်သည်။ဘေဘီဟာ ကိုယ့်ကိုတကယ်ပဲ စိတ်နာသွားပြီလား၊လက်ခံစကားမပြောချင်လောက်အောင် မုန်းသွားပြီလားဆိုတဲ့ အတွေးဟာ သူ့အတွက်တော့ ရှင်လျက်နဲ့သေစေတဲ့ အိပ်မက်ဆိုးပါပဲ။
သူဟာ ခွင့်လွှတ်မှုနဲ့ မထိုက်တန်တဲ့သူဆိုရင်တောင် သူကြိုးစားချင်သေးသည်၊ဘေဘီ့ဆီက ခွင့်လွှတ်မှုကို မျက်နှာပြောင်ပြောင်နဲ့ပဲ သူပြန်လိုချင်သေးသည်။အတ္တကြီးတယ်ဆိုလည်း ကြီးလက်စနဲ့ ဆက်ကြီးရမှာပဲဖြစ်သည်၊အထင်ကြီးတယ်ပြောလည်း လက်ခံရုံပဲရှိသည်၊ဘေဘီဟာ သူ့ကိုစိတ်ဆိုးရုံကလွဲရင် မုန်းတဲ့အဆင့်ထိမရောက်သေးဘဲ အရင်လိုချစ်မြဲချစ်ဆဲလို့တော့ သူထင်နေသေးတာပဲဖြစ်သည်။တပ်ဆင်ထားခြင်းမရှိပါဆိုသောဖုန်းကို အကြိမ်ကြိမ်ခေါ်ဆိုနေမိရင်းပဲ ဒီတိုင်းမနေနိုင်တော့သည့်စိတ်တို့နဲ့အတူ သူ့ခြေလှမ်းတွေက တံခါးအပြင်ကို ရောက်နေလေပြီ။
ဘယ်မှာရှိနေမယ်မှန်းမသေချာပေမဲ့ ၈မိုင်ကအိမ်ကိုသာ သူလိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
●●●●"လင်းရိပ်လေး ဒေါ်လေးတင် ဘာလုပ်ပေးရဦးမလဲ၊ဘာစားချင်လဲ သားလေး"
"ရတယ် ဒေါ်လေးတင်၊ကျွန်တော် ဒါတွေနဲ့တင်အဆင်ပြေပါတယ်၊ဒေါ်လေး သွားနားချည်ပါ ရတယ်"
"ဟုတ်ပါပြီကွယ်၊သား ဒေါ်လေးထည့်ပေးထားတဲ့ ထမင်းလေးတော့ ကုန်အောင်စားနော်
သား ဒီရက်ထဲ ဘာမှလည်းသိပ်မစားတော့ အရမ်းပိန်နေပြီ၊နေမကာင်းတွေဘာတွေ ဖြစ်မှာစိုးလို့ပါ သားရယ်"
YOU ARE READING
Hotel California(Complete)
RomanceAge gap story ရေးနေကျ slow romanceမျိုး မဟုတ်ဘဲ ကြမ်းတဲ့အသုံးအနှုန်းတချို့အတွက် rating16plusပေးချင်ပါတယ်