Part5

32.4K 1.9K 124
                                    

အကျင့်ပါ​နေ​သော မျက်လုံးတို့က နံနက်၇နာရီဆိုတာနဲ့ အလိုလိုပွင့်၍လာသည်။
အိပ်မှုန်စုံဝါးမျက်လုံးတို့ကို ​ဘေးဘီဝဲယာကစား​လိုက်​တော့ ​​​အိပ်​မောကျ​နေသည့် ​​ကျောပြင်​လေးက မျက်လုံး​ရှေ့​ပေါ်လာတာမို့ မျက်နှာထက်မှာ အပြုံးပန်းတချို့ပါ ​ပွင့်လန်းလာရသည်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်​မောကျ​နေသည့် ​ကောင်​လေးရဲ့ ​​ကျောပြင်​​ဖွေး​​ဖွေးမှာ နီရဲရဲဲအမှတ်အသားတို့ တစ်စစီပျံ့လွင့်​နေတာမြင်ရတာကပင် လူက ​လေ​ပေါ်မှာဝဲချင်တဲ့ ခံစားချက်မျိုးရလာတာမျိုးဖြစ်သည်။

အိပ်ရာကအသာထပြီး ကိုယ်ပူမပူ အရင်စမ်းကြည့်​ရ​​သေးသည်။သာမန်အပူချိန်အတိုင်းမို့ စိတ်သက်သာရာရ'ရသည်။ကိုယ်ပူတယ်၊ဖျားတယ်ဆိုလည်း ဒီ​ကောင်လေး လက်​ပေါက်ကပ်ပုံနဲ့ ​ဆေးထိုး​ဆေးတိုက်လုပ်ဖို့ လွယ်မယ့်ပုံလည်းမဟုတ်​လေ။
မက်မွန်သီး​ရောင်​ပြေး​နေတဲ့ ပါးပြင်​လေးနဲ့ပုခုံးစွန်း​လေးကို အသာနမ်းပြီး​နောက် ​ရေချိုးခန်းဆီသို့ ဝင်ခဲ့လိုက်​တော့သည်။ပြီးရင် စားဖို့​​သောက်ဖို့ပါ စီစဉ်​ပေးရဦးမည်၊စီစဉ်​ပေးမယ်သာ​ ​ပြောရတာ ကိုဂျစ်တူးက ဘာကြိုက်တတ်မှန်းမသိ။​စော​စောစီးစီး​တော့ ဘီယာ​သောက်မယ် မ​ပြော​လောက်ဘူးပဲ ​မျှော်လင့်ရတာပင်။

အအိပ်ဆတ်သူပီပီ နဖူး​ပေါ်လက်လာတင်ကတည်းက နိုးလာခဲ့တာဖြစ်ပြီး အိပ်ရာ​ပေါ်ကမထခင် ပါးနဲ့ပုခုံးစွန်းကို နမ်းသွားသူ​ကြောင့် မျက်နှာပင်ပူခနဲဖြစ်သွားရသည်။
ဒီဘဲက နမ်းရတာ​တော့ အ​တော်ကြိုက်ပုံရသည်။စိတ်ကူး​ပေါက်ရင်​ပေါက်သလိုကို နမ်း​နေတာမျိုးပင်။ကိုယ်တိုင်ကလည်း ခုမှနမ်းဖူး၊ကြုံဖူးတဲ့သူမဟုတ်ဘဲ စိတ်ကဘာဖြစ်ချင်​နေမှန်းကိုမသိ။

တ​စောင်းလှဲ​နေရာက​နေ ဆတ်ခနဲပက်လက်လှန်​မိ​တော့ ဆစ်ခနဲဖြစ်သွားသည့် နာကျင်မှုက ​အော်မဆဲမိ​​အောင် မျက်လုံးကိုမှိတ်၊အံကိုကြိတ်ထားလိုက်ရသည်။ခုနက ရင်ခုန်ချင်ချင်စိတ်​တွေအစား ဘဲနာကြီးကို ဆဲချင်စိတ်​တွေသာ တရိပ်ရိပ်တက်လာရ​တော့သည်။
ညကမွှန်​​နေချိန်မှာ ဖုန်းကိုပစ်ထားမိပြီး အခုမှ ဘယ်​ရောက်​နေမှန်းမသိတဲ့ဖုန်းကို မျက်လုံးကစားရင်း လိုက်ရှာရသည်။ညက အိမ်ပြန်မအိပ်ဖြစ်တာမို့ ​​ဒီလိုမနက်ဆို ​မွေးသဖခင်က ဖုန်းဆက်​တတ်တာထုံးစံပင်။ဆက်တဲ့အချိန်မကိုင်လိုက်မိရင် ​​နေရင်းထိုင်ရင်း ဘိုး​တော်​သွေးတိုးရလိမ့်မည်မို့ ဖုန်း​ပျောက်ရှာပုံ​တော်ဖွင့်ဖို့ အိပ်ယာက​​နေ အံကြိတ်လို့ထယူရသည်။

Hotel California(Complete)Où les histoires vivent. Découvrez maintenant