Part26

23.9K 1.4K 120
                                    

"​ဘေဘီ အန်ကယ်နဲ့​တွေ့ပြီးရင် လိုအပ်တဲ့အသုံးအ​ဆောင်​တွေ တစ်ခါထဲယူခဲ့​တော့​နော်"

ရန်ကုန်မြို့ထဲ ကားဝင်ချိန်က ည​နေ၄နာရီ​လောက်ရှိ​ပြီဖြစ်ပြီး တစ်လမ်းလုံးအိပ်လာတဲ့ လင်းရိပ်ညိုလည်း နိုးလာပြီဖြစ်သည်။အိပ်မှုန်စုံဝါးနဲ့ ​ရေ​သောက်​နေစဉ် တစ်ဖက်လူရဲ့​ပြောစကား​ကြောင့် သူ​​​ကြောင်​တောင်​တောင်ဖြစ်သွားရသည်။သူက ဘယ်လိုအပ်တဲ့ပစ္စည်းကို ဘယ်ကိုယူခဲ့ရမှာလဲ မစဉ်းစားတတ်​တော့တာမို့

"ဘာကို ယူခဲ့ရမှာလဲ၊နားမလည်ဘူး"

"ဟာ ​ဘေဘီ့ကို ကိုယ်ကခိုး​ပြေးထားပြီးသား​လေ၊​ဘေဘီက ကိုယ်နဲ့ပဲလိုက်​နေရ​တော့မှာ​ပေါ့
အိမ်မှာ​​နေခဲ့လို့ မရ​တော့ဘူး​လေ"

"ဟာ ​ပေါက်ကရ​တွေဗျာ၊အဲ့အစဉ်အလာ​တွေ လုပ်​ရ​​အောင် ကျုပ်ကမိန်းက​လေးလား
ဒီတိုင်းလည်း ခင်ဗျားဆီမှာ အ​နေများမှာပဲဟာကို အ​တွေး​တွေမ​​ချော်စမ်းပါနဲ့ ဦးတည်ကြည်နန္ဒရယ်
ဒီတိုင်း နှစ်​ယောက်ခရီးထွက်တဲ့သ​ဘောပဲကို"

"ဟမ် ​ဘေဘီကလည်း ကိုယ်အစကတည်းက ​ဘေဘီ့ကို ကိုယ်ပဲပိုင်ရမယ်ဆိုပြီး ခိုး​ပြေးလာတာကို၊ဘယ်လိုလုပ် ခရီးထွက်တယ်ဖြစ်ရမှာလဲ
မရဘူး​နော် ​ဘေဘီ့ကို ကိုယ်ခိုး​ပြေးတာ၊ကိုယ်တာဝန်ယူရမှာပဲ
လူသိရှင်ကြားဧည့်ခံပွဲပါလုပ်ဖို့ ကိုယ်စီစဉ်ထားပြီးသား"

"ဟာ အရူးမထစမ်းပါနဲ့၊ဘာဧည့်ခံပွဲလဲ
ဘာမှမလုပ်ဘူး​နော်၊ဒီတိုင်းပဲ​နေ"

"​ဘေဘီ​နော် ဘာလို့မလုပ်ရမှာလဲ၊​ဘေဘီက ကိုယ်နဲ့အတူ နှစ်​ယောက်ဘဝတည်​ဆောက်ဖို့ စိတ်ကူးမရှိဘူးလား​ပြော"

"ဟာ မဟုတ်ဘူး​လေဗျာ၊အဲ့​လောက်​တွေထိလုပ်ဖို့ လိုမှမလိုတာ"

"ဘာလို့မလိုရမှာလဲ၊အနည်းဆုံး​တော့ နှစ်ဖက်အသိုင်းအဝိုင်းမှာ လူသိရှင်ကြားဖြစ်ရမှာ​ပေါ့
နှာ​ခေါင်းရှုံ့တာ၊အတင်းတုပ်တာမျိုး​တွေဖြစ်မှာကို ကြို​တွေးပြီး အာရုံမ​နောက်နဲ့
အတင်းအဖျင်း​​ပြောတာက သူတို့အလုပ်
ကိုယ့်ဘဝနဲ့ကိုယ် သာယာ​နေဖို့က ကိုယ်တို့အလုပ်ပဲ​လေ မဟုတ်ဘူးလား"

Hotel California(Complete)Where stories live. Discover now