Part13

23.6K 1.4K 36
                                    

"လင်းရိပ်ညို ​နေမ​ကောင်းဘူးလား"

​နေ့လည်စာစား​နေတုန်း လူကိုအကဲခတ်သလိုကြည့်ရင်း ​မေးလာတဲ့ အ​ဖေဖြစ်သူ​ကြောင့် သူတစ်ချက်​တော့ ​ကြောင်သွားရသည်။
ဒီ​​နေ့ စ​နေမို့ ပွဲရုံမသွားတဲ့အ​ဖေက အိမ်မှာရှိ​နေသလို၊မနက်ပိုင်း ဘဲနာကြီးနဲ့ face time​ပြောပြီး ပြန်အိပ်​​နေတဲ့သူကလည်း နိုးလာချိန်က ​နေ့လည်စာစားချိန်မို့ ထမင်းစားခန်းထဲ ​ရောက်လာရတာပါ။
ဒီရက်​တွေမှာ သူဘယ်မှလည်း မသွားဖြစ်၊သီချင်းတိုက်တဲ့အချိန်ရယ်၊ညဖက်ဆိုတဲ့အချိန်ရယ်သာ အပြင်မှာရှိတာများပြီး အခန်းထဲတင်​နေဖြစ်တာများသည်။တစ်ခါတ​​လေ ဘားသွားတာ၊​သောက်ဖြစ်တာ​တွေရှိ​ပေမယ့် စာပို့ပြီးတစ်ဖုံ၊ဖုန်းဆက်ပြီးတစ်သွယ် အိမ်​စော​စောပြန်​နော်၊မမူး​စေနဲ့၊အိမ်ပြန်အိပ်​နော်ဆိုတဲ့ အ​ဖေတစ်ဝမ်းကွဲရဲ့ အမှာစကား​တွေ​ကြောင့် သူလည်း အာရုံမ​နောက်ချင်တာနဲ့ အိမ်ကိုသာ ပြန်ဖြစ်တာများပါတယ်။
ရုတ်တရက်ကြီး ​အိမ်မှာအ​နေများ​နေ​တော့ ​​အ​ဖေ ထူးဆန်းချင်လည်း ထူးဆန်းစရာဖြစ်မ​ပေါ့။သို့​သော် ဘာမှမထူးဆန်းသလို ဟန်​ဆောင်ရင်းပဲ

"​ကောင်းပါတယ်၊ဘာဖြစ်လို့လဲ"

"မတင်က​ပြောလို့​လေ၊မင်း အခန်းထဲမှာ အ​နေများ​နေတယ်၊​နေမ​ကောင်းဘူးလားမသိဘူးဆိုလို့ ​မေးကြည့်တာ"

"ဪ ​ကောင်းပါတယ်၊ဒီတိုင်း သွားစရာမရှိ​သေးလို့ မသွားတာပါ
အယ် အခုမသွား​ပေမဲ့ ညကျရင်သွားမှာ၊ကျွန်​တော် ​နောက်ကျမယ်ထင်တယ်၊အရမ်း​နောက်ကျရင် ပြန်လာမ​နေ​တော့ဘူး၊​​ဒေါ်​လေးတင် တံခါး​ထဖွင့်​နေရဦးမယ်"

"​​ဘာမှမဖြစ်ဘူး၊ပြန်လာစရာရှိတာ ပြန်လာ
​မောင်ဝင်းကို ဖွင့်​​ပေးဖို့ ​ပြောထားလိုက်မယ်
ညနက်မှာက ဘာလို့လဲ၊ကား​မောင်းပြိုင်ဦးမလို့လား"

"​စကားကျွံထားတာ​တွေ ရှိ​နေလို့ပါ၊​အေး​ဆေး လူဘာမှမထိခိုက်​စေရဘူး"

"​အေး ဘာမှမဖြစ်ရင်​တော့ ​ကောင်းတာ​ပေါ့ကွာ
ငါ​ပြောရင် မင်းကပိုရွဲ့​လုပ်လွန်းလို့လည်း ​ပြောရမှာကခပ်လန့်လန့်
ဒါ​ပေမယ့် ​​မွေးထားတဲ့သားဖြစ်​နေ​တော့လည်း ကိုယ်ဖြစ်ကိုယ်ခံဆိုပြီး ပစ်မထားနိုင်ဘူး"

Hotel California(Complete)Where stories live. Discover now