Part30( Final)

34K 1.3K 146
                                    

"သားတို့ ပွဲအတွက် suit​တွေ​ရောက်လာပြီ​​နော်
ခုနပဲ deliveryလာပို့သွားတယ်"

"ဟာ ဟုတ်လား ​မေ​မေ
အဲဒါ​တွေအရင်ကြည့်ရမယ်၊ဘယ်လို​နေလဲမသိဘူး"

မင်္ဂလာပွဲ​​​ရောက်ဖို့ တစ်ပတ်မျှသာအချိန်လို​တော့ပြီး ပြင်စရာရှိတာ​တွေပြင်ရင်း၊အချိန်ရရင်ရသလို နှစ်​ယောက်သား ဟိုတယ်ကgymမှာပဲ ​ဆော့ဖြစ်ကြ​သေးသည်။
အ​ကြောင်းက​တော့ ပွဲ​နေ့မှာ ခန္ဓာကိုယ်ပိုလှ​နေ​စေရန်ဆိုတဲ့ ဘဲကြီးရဲ့အကြံ​ကြောင့်ပင်ဖြစ်သည်။
အကျဉ်းချုံးလုပ်မယ်ဆိုတဲ့ပွဲဟာလည်း အ​ဖေနဲ့ဘဲကြီးရဲ့ မိတ်​ဆွေ​တွေနဲ့တင် လူရာချီရှိ​နေပြီမို့ နာမည်ခံအကျဉ်းချုံးပဲဖြစ်မှာပါ။ဒီကြားထဲ မီဒီယာသမား​တွေကပါ သတင်းယူပါရ​စေ၊တက်​ရောက်ပါရ​စေဆိုပြီး ​တောင်းဆိုလာတာမို့ အ​ကြောက်အကန်ငြင်းခိုင်းရ​သေးသည်။
မိုက်ကြီး​တွေထိုးပြီး ​မေးမြန်းခံရမှာမျိုးကို သူမနှစ်သက်လှပါ။မဆိုင်တဲ့သူ​တွေပါသိပြီး ​​ပိုက်ဆံမ​​ပေးရတိုင်း ​ပြောချင်သလို​ပြောကြမည်ကို​တော့ ပိုလို့​တောင် မနှစ်မြို့ပါ​သေး။သူဟာ ဘယ်သူ့စကားသံ​တွေကိုမှ နားမ​ထောင်ဘဲ ကိုယ့်ဘဝနဲ့ကိုယ်သာ​နေလို​သောသူဖြစ်သည်။
ငယ်ငယ်ကတည်းက အ​ဖေ့ရဲ့ သူများ​တွေဘယ်လိုမြင်မလဲဆိုတဲ့ အသံကို ​နေ့တိုင်းလိုလိုကြား​ခဲ့ရတာလည်း ပါလိမ့်မည်၊သူများ​တွေအမြင်ဆိုတာကြီး သူ့ဘဝမှာရှိမ​နေချင်။
ဒါကိုသိတဲ့ ဘဲကြီးကလည်း ​ဆက်သွယ်လာသမျှ မီဒီယာသမား​တွေကို မျက်စိစုံမှိတ်လို့ ငြင်းလွှတ်​နေတာပဲဖြစ်သည်။

" Woow အပြင်ကအ​ရောင်​တွေက ပို​တောင်စို​နေ​ပြီးလှ​သေးတယ်​နော်
ကိုကို ကျွန်​တော်တို့ဝတ်ကြည့်ကြမလား"

"​ပြင်သစ်က နာမည်ကြီးဒီဇိုင်နာရဲ့ လက်ရာပါ​ဘေဘီရဲ့၊အားလုံးအကိုက်ပဲဖြစ်​နေမှာပါ
ဝတ်ကြည့်မ​နေပါနဲ့၊ပွဲ​နေ့​ရောက်မှ တစ်ခါတည်းဝတ်ကြမယ်​လေ​"

တက်ကြွစွာနဲ့ ဝတ်ကြည့်မဲ့စိတ်ကူးဟာ ငြင်းပယ်ခံလိုက်ရပြန်တာမို့ သူမ​ကျေမနပ်ဖြစ်သွားရသည်။
ဝတ်စုံ​တွေကို သ​ဘောတကျကိုင်ကြည့်​နေသည့် ​မေ​မေ​တောင် ထိုလူရဲ့ငြင်းဆိုသံ​ကြောင့် အံ့အားတသင့်ဖြစ်သွားပုံရသည်။
တည်ကြည်နန္ဒဆိုတဲ့ဘဲက ဘာဖြစ်ချင်​နေတာလဲမသိ​​တော့
တစ်ချိန်လုံး မင်္ဂလာ​ဆောင်ဖို့ အူယားဖားယားဖြစ်​နေခဲ့ပြီး အခုပွဲနီးလာ​လေ အချိုးမ​ပြေ​လေ ဖြစ်လာ​နေတာ သူတကယ်ပင်ကြည့်မရ​တော့ပါ။
ဟိုတယ်မှာ စီစဉ်​နေတဲ့အခမ်းအနားအပြင်အဆင်​တွေ​ရှေ့မှာ အတွင်း​ရေးမှူးမသီရိက အမှတ်တရပုံရိုက်​ပေးမယ်ဆို​တော့လည်း အင်းမလုပ်၊အဲမလုပ်နဲ့ အရိုက်မခံဘဲငြင်းသည်။မှာထားတဲ့shoes​တွေ​ရောက်လာ​တော့လည်း 'sizeနဲ့အတိအကျမှာတာပဲ ​ဘေဘီရယ်၊စီးကြည့်မ​နေပါနဲ့'ဆိုပြီး ဘူးထဲကအထုတ်မခံဘဲ သိမ်းထားသည်။
ယုတ်စွအဆုံး မင်္ဂလာဦးလက်ဖွဲ့တာဆိုပြီး အ​ဖေဝယ်​ပေးသည့် နှစ်​ယောက်နာမည်နဲ့ကားကိုပင် အစီးမခံ၊ဒီအတိုင်းပဲထားပါအုံးဆိုပြီး ဂို​​ထောင်ထဲတင်သိမ်းခိုင်းထား​သေးသည်။အခုလည်း အင်္ကျီ​တွေကို အထိမခံ၊အကြည့်မခံနဲ့ ပုံးထဲမှာ ​သေချာပြန်ထည့်​နေပြန်သည်။
ဘာစိတ်ကူးနဲ့လုပ်​နေတာလဲမသိ​ပေမဲ့ ကိုယ်က​တော့ တကယ်စိတ်ဆိုး​​နေပြီဖြစ်သည်။မသိရင် ကိုယ်ကချည်း တစ်ဖက်သတ်ဇွတ်စီစဉ်ထားသည့်ပွဲမှာ သူကစိတ်မပါလက်မပါဘဲ လိုက်တက်​နေရတဲ့ပုံဖြစ်လို့​​နေတာ မဟုတ်လား​လေ။

Hotel California(Complete)Tempat cerita menjadi hidup. Temukan sekarang