Part20

22.6K 1.3K 144
                                    

'​ဒေါက် ​ဒေါက်'
"လင်းရိပ်၊သား အိပ်​နေတာလား၊ တံခါးခဏဖွင့်ဦး"

ဦးထွန်းလင်း အထဲကတုံ့ပြန်သံကို နားစွင့်ရင်း ရပ်​နေမိ​သော်လည်း မည်သည့်အသံမှမကြားရ
မ​နေ့ညက ​မူးပြီးပြန်လာသလို လက်ထဲမှာလည်း အိတ်အမဲနဲ့ပုလင်း​တွေ ​တော်​တော်များပါလာတယ်လို့ မတင်​ရဲ့ ​ပြောစကားအရ သူသိရသည်မှာ မနက်ပွဲရုံမသွားခင်ကတည်းက ဖြစ်သည်။
အရင်ကလည်း မူးပြီးပြန်လာတတ်​ပေမဲ့ အရက်ပုလင်းကို အိမ်ထိသယ်လာတာမျိုး​တော့ မရှိတတ်တာမို့ အနည်းငယ်ထူးဆန်းသွား​ပေမဲ့ သူဘာမှမ​​ပြောဖြစ်ခဲ့။
ခုတ​လော သားနဲ့သူကြားဆက်ဆံ​ရေးက ပို​​ကောင်းလာပြီး ​သူနဲ့ ​နေပြည်​တော်အ​ဖော်လိုက်ဖို့ ​​ပြောတာ​တောင် မငြင်းဘဲ လိုက်​ပေးတာ​ကြောင့် စိတ်​ကျေနပ်​နေရတာအမှန်ပါ။​နောက်ပြီး ​ကျောင်းပြန်တက်မယ်လည်း ​ပြောတာမို့ သူ​တော်​တော်စိတ်ချမ်းသာ​နေရတာ၊ပြီး​တော့ ဒီ​ကောင်​လေး ဒီလိုမူးပြီးအချိန်လွန်မှ ပြန်လာတာမျိုး မလုပ်တာလည်း ကြာပါပြီ။

လင်းရိပ်ညိုအတွက် ​သောက်တာ၊မူးတာ၊​နောက်ကျတာ​တွေက မထူးဆန်း​ပေမဲ့ မ​​နေ့ညက ပြန်​ရောက်ကတည်းက အခုညအထိ အပြင်က်ုပြန်ထွက်မလာ​​သေးဘူးဆိုတာက​တော့ ထူးဆန်း​နေတာမို့ အကျိုးအ​ကြောင်းသိရဖို့ သူတံခါး​ခေါက်​နေမိတာပါ။
"​​ထမင်းလည်းဆင်းမစားဘူး၊​​ခေါ်​တော့လည်း မစားချင်ဘူးလို့ပဲ ပြန်အသံ​ပေးပြီး တံခါးဖွင့်မ​ပေးဘူး"ဟု ​မတင်က ပြန်​ပြောတာမို့ ပုံမှန်အ​ခြေအ​နေမဟုတ်တာ​တော့ ​သေချာ​နေပြီလို့ ​တွေးရင်း တံခါးဖွင့်ရန် အခန်းထဲမှာသိမ်းထားတဲ့ ​​​​သော့အပိုကို သွားရှာရသည်။

"လင်းရိပ် အ​ဖေဝင်လာပြီ​နော်"

​သော့ဖွင့်ပြီးပြီးချင်း အသံ​ပေးရင်း တံခါးကိုဖွင့်လိုက်​တော့ ​မှောင်မဲ​ပြီး အရက်နံ့၊စီးကရက်နံ့​​တွေ မွှန်ထူ​နေတဲ့အခန်းက သူ့ကိုစီးလို့ကြို​နေတယ်။
အနံ့​တွေနဲ့တင် မူး​လောက်ပြီး ​မှောင်​နေတဲ့အခန်းမှာ ကုတင်​​ဘေးနားမှာမြင်​နေရတဲ့ စီးကရက်မီးရဲရဲက လင်းရိပ်ညိုဘယ်မှာရှိလဲဆိုတာကို ​ညွှန်ပ​နေသ​ယောင်။
နံရံက မီးခလုတ်ကို ဖွင့်လိုက်ချိန်မှာ သူမြင်ရတဲ့မြင်ကွင်းက ဖခင်တစ်​ယောက်အတွက်​တော့ အကျည်းတန်ပြီး ရင်နာစရာ​ကောင်းလှသည်။
ဘီယာဘူးခွံ​​တွေနဲ့ဝီစကီပုလင်း​တွေ၊အာလူး​​ကြော်အမှိုက်​တွေနဲ့ စီးကရက်အတိုအစ​တွေ
အဲဒါ​တွေထက် ပိုဆိုးသည်က အသက်မဲ့​နေ့တဲ့မျက်လုံး​တွေနဲ့ သားရဲ့မျက်နှာပင်ဖြစ်သည်။

Hotel California(Complete)Where stories live. Discover now