Part28

21.3K 1.3K 99
                                    

"​ဘေဘီ အရမ်းမူး​အောင်မ​သောက်နဲ့​နော်"

"မ​သောက်ဘူး၊အနံ့ပဲရှူမှာ"

"​​အေး​အေး အဲ့လို​လေးပဲ အမြဲရွဲ့​ပြော"

"​​သောက်​တောင်မ​သောက်ရ​သေးဘူး ​ရှေ့ကလာပိတ်​နေတာကိုလည်း ထည့်​ပြော"

"ခင်ဗျား အရက်အပြင်း​တွေနဲ့ ​​ဝေး​နေတာကြာလို့ စိတ်ပူလို့​ပြော​နေတယ်ဆိုတာလည်း ထည့်​တွေး"

​ပြောသမျှကို တစ်ခွန်းမကျန်လိုက်ကပ်သတ်​နေသူ​ကို နှာ​ခေါင်းမှာ နားကွင်းတပ်ရင်း မှန်ထဲက​နေတဆင့် မ​ကျေမနပ်ကြည့်လိုက်မိသည်။
ဒီ​နေ့က​သောကြာ​နေ့ဖြစ်ပြီး ​ခေါင်း​ဆေးတဲ့အ​နေနဲ့ ကလပ်မှာအနည်းငယ်ခုန်​ပေါက်ရင်း ​သောက်ကြစားကြဖို့အတွက် ​ကျောင်းကကိုယ့်ထက်ငယ်တဲ့သူငယ်ချင်း​တွေနဲ့ ချိန်းထားကြတာဖြစ်သည်။
ခုန်​ပေါက်ချင်တာမို့ ကလပ်ကို​​ရွေးထားကြတာဖြစ်ပြီး ဟိုတယ်မှာဘားလုပ်​ပေးထားမှ ကလပ်သွားရလားလို့ ဒီဘဲနာကြီးရဲ့ မ​ကျေမနပ်​ပြောတာလည်း ခံရ​သေးသည်။
အခုလည်း အခန်းထဲကအပြင်​တောင်မထွက်ရ​သေး၊မူး​အောင်မ​သောက်နဲ့​တွေ ​ပြော​နေတာမို့ လူက သိပ်မ​ကျေနပ်ချင်​တော့။

"မျက်လုံးက​နေလည်း မီး​တွေ​တောက်​လာနေပါဦးမယ်၊အရက်နဲ့ပတ်သက်ရင် အကုန်လုံးကိုရန်သူပဲ​နော်
တကယ် အရက်သမားသစ္စာဆိုထားသလားပဲ"

"အား ပွစိပွစိနဲ့ ဆီမန်း မန်း​နေသလိုပဲ
မ​တော်နိုင်​သေးဘူးလား ခင်ဗျား"

"ဟုတ်ကဲ့ ​တော်လိုက်ပါ့မယ်ခင်ဗျ"

ရွဲ့​နေသူကို ပြန်မ​ပြော​တော့ဘဲ နားကိုသာ နားကပ်တချို့ဆက်ဝတ်​နေလိုက်သည်။
ဘာဖြစ်ဖြစ် မခုန်မ​ပေါက်တာကြာပြီဆို​တော့ သူဒီ​နေ့အပြတ်ကဲရမည်။
တကယ်​တော့ ကိုယ်တစ်​ယောက်တည်းသွားကဲဖို့မဟုတ်၊သူ့ကိုပါ အတူတူ​ခေါ်တာဖြစ်သည်။
လူငယ်​တွေပဲ လွတ်လွတ်လပ်လပ်သွားကြပါ၊သူလိုက်မရှုပ်ချင်ပါဘူးဆိုပြီး ငြင်းတဲ့သူက ကလပ်မှာဆူညံခုန်​ပေါက်ပြီး နားဆူတဲ့ဒဏ်ကို မခံနိုင်တာ​ကြောင့်လည်း ပါသလို၊​ကိုယ့်ကိုယုံကြည်စိတ်ချ​ကြောင်း ပြချင်တာလည်း ပါ'ပါသည်။

Hotel California(Complete)Where stories live. Discover now