"အာ့ ကျွတ် ကျွတ်"
"ဟင် ဘေဘီ သတိရလာပြီလား
ကိုယ့်ကိုရော မှတ်မိလား
ဘယ်လိုနေသေးလဲ၊မူးနေလား၊အန်ချင်နေလား
အာ ကိုယ် ဆရာဝန်သွားခေါ်လိုက်ဦးမယ် ခဏ""ရေ ရေ"
အာခေါင်တွေခြောက်သွေ့နေတာမို့ သူဘာကိုမှ မပြောနိုင်၊သို့သော် တစ်ယောက်ထဲပျာယာခတ်ပြီး မေးခွန်းတွေမေးရင်း ဆရာဝန်ခေါ်ဖို့ပြင်နေသူရဲ့ လက်ကိုကြိုးစားဆွဲရင်း 'ရေ'ဆိုတဲ့စကားကို အားယူ၍ပြောရသည်။ကိုယ့်ကိုမှတ်မိလားဆိုတဲ့စကားကြောင့် သူ့မှာနာကျင်နေတဲ့ကြားက ရယ်ချင်လာရသည်။သူ့ပုံကိုကြည့်ပြီး ဒီဘဲ ဘယ်လောက်တောင်စိတ်ပူနေခဲ့မလဲ အထူးတလည်တွေးစရာပင်မလို။
"သားက ရေဆာနေတာထင်တယ်၊ရေတိုက်လိုက်ပါ
တာဝန်ကျဆရာကို အန်ကယ်သွားခေါ်လိုက်မယ်""ဟင် အန်ကယ်ဘယ်တုန်းကရောက်နေတာလဲ"
ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့် တည်ကြည်နန္ဒတစ်ယောက် ကြောင်အသွားရသည်။
ဘေဘီ့ကိုသာ အာရုံစိုက်နေသူက အန်ကယ်ရောက်နေတာကိုပင် မသိလိုက်တဲ့အဖြစ်၊နောက်ကနေ အသံထွက်လာမှ သူ့မှာပါးစပ်အဟောင်းသား ဖြစ်နေရတာ။အန်ကယ်ကတော့ ခေါင်းညိတ်ပြပြီး အခန်းအပြင်ကို ပြန်ထွက်သွားလေပြီ။"ရေ ရေ"
"အာ အင်းအင်း၊တိုက်မယ် တိုက်မယ်"
ရေဆာပြီး စိတ်မရှည်ဖြစ်နေပုံရတဲ့ လူမိုက်လေးက နောက်တစ်ခေါက်ထပ်ပြောရင်း မျက်ခုံးတွေပါတွန့်ချိုးလာတာမို့ အသင့်ရှိနေတဲ့ စားပွဲပေါ်ကရေဖန်ခွက်နဲ့ဇွန်းကိုယူပြီး နှုတ်ခမ်းဝကို ဇွန်းဖျားလေးနဲ့ တေ့ပေးရသည်။
"ဘယ်လိုနေသေးလဲ ဘေဘီ၊နေရတာအဆင်ပြေရဲ့လား"
"အင်း ပြေတယ်"
အပေါ်ပိုင်းတစ်ပိုင်းလုံး ဒဏ်ရာမျိုးစုံနဲ့ အကောင်းမကျန်တာတောင် ပြေတယ်ဆိုတဲ့စကားကိုသာ ခပ်တင်းတင်းပြောတဲ့ အပေအတေလေး
ဒီကောင်လေးဟာ ဘာကြောင့်များ ဒီလောက်ထိ အကြောတင်းလွန်းရတာလဲမသိ
ကိုယ့်မှာတော့ သူ့မျက်နှာက ဒဏ်ရာတွေကြည့်ရင်း စိတ်မကောင်းဖြစ်ရ၊ဂရုဏာဒေါသထွက်ရနဲ့။
ВЫ ЧИТАЕТЕ
Hotel California(Complete)
Любовные романыAge gap story ရေးနေကျ slow romanceမျိုး မဟုတ်ဘဲ ကြမ်းတဲ့အသုံးအနှုန်းတချို့အတွက် rating16plusပေးချင်ပါတယ်