"ဟိုဆော့ကီ မင်းလည်ပင်းးးးအု"
"ရှုးး တိုးတိုးပြောပါကွ"
လည်ပင်းက နီရဲရဲအရာတွေက မြင်မကောင်းစွာနဲ့ တစ်ချို့တွေဆို ခရမ်းပုတ်ရောင်ပင်သန်းနေပြီ။
"ယောင်းငယ် လုပ်ထားတာ အသဲယားလို့တဲ့"
သူက အလက်ဂျစ်တွေများထတယ်ထင်ပြီး စိုးရိမ်လို့မေးပေမဲ့ အဖြေသိသွားတဲ့အခါ နှုတ်ခမ်းထော်ပြစ်လိုက်သည်။ သောက်အတွဲတွေမကောင်းဝူးး!!
"မင်းနဲ့ ကုကု မနေ့ညက ဘာတေပြောလဲ"
"ဟင် မနေ့ညက အားးး ငါမေ့နေတာ!!"
သူ့ကို ကုကုချိန်းထားတာပဲ ဟိုဆော့နဲ့အာလူးဖုတ်နေတာနဲ့ သူမေ့နေတာ။ အဲ့ကြောင့်လုပ်စရာ ရှိပါတယ်လို့!! သွားပါပြီ အတန်းချိန်နှစ်ချိန်တောင် တက်လိုက်သေး!!
သူ ကုကုချိန်းထားတဲ့ခရေပင်အောက်ရောက်တော့ ဘယ်သူ့မှမတွေ့။ ခရေပင်အောက်က ကွက်ပျစ်လေးမှာ အေးချမ်းပြီး လေလဲရတာမို့ ထိုင်သာစောင့်နေလိုက်သည်။ မိုးရာသီမို့ ခရေပွင့်တွေက အပင်ပေါ်မှာပြွတ်သိပ်စွာပွင့်နေသည်။ သူဘုရားတင်ရန် အနည်းငယ်ကောက်လိုက်ပြီး ဆောင်နေကြလက်ကိုင်ပုဝါထဲ ထုတ်ပို့ထားလိုက်သည်။
"ငါးနာရီခွဲနေပြီ"
ဝဲတက်လာတဲ့ မျက်ရည်တွေ!! ကုကုက သူ့ကိုလှည့်စားနေတာလား!! ရောက်မလာသေးဘူးအခုထိ။ သူထသွားဖို့ပြင်ပေမဲ့ အလောတကြီးပြေးလာတဲ့ ယောင်းငယ်ကိုတွေ့တော့ သူ့သူငယ်ချင်းအကြောင်း အော်ငေါက်ပြောရန်ပြင်လိုက်ပေမဲ့!!
"ကုကု ဆေးရုံတက်နေရတယ် အကိုဂျီနီ အဲ့တာ သူက မလာနိုင်တော့ကြောင်း ပြောပေးပါတဲ့"
"ဟင်~~ ကုကုက ဆေးရုံ ဘာလို့တုန်း"
"ကား.. ကားတိုက်သွားတာ"
"ဘာ!!!"
_____
"မင်းကကြောင်လား"
"ဗျာ.."
"မင်းကိုယ်မင်း အသက်တွေအများကြီးရှိတယ်ထင်နေလား ဘာကိစ္စ ကားရှေ့ဝင်ပြေးရတာလဲ"