စက်ဘီးကိုခပ်သွက်သွက်နင်းကာ ကျောင်းဆီသို့ အမြန်နင်းလာမိသည်။ လွယ်အိတ်ထဲ ပေါ့ရွက်နေတော့သေချာပေါက်စာအုပ်က အစုံမပါလောက်။ ချွေးသံတစ်ရွှဲရွှဲနဲ့ လူစောင့်ဖမ်းဖို့ Jungkook ကျောင်းဆီနင်းလာမိသည်။
စက်ဘီးကို သတ်မှတ်နေရာတွင်ထားကာ အပေါ်ထက်အခန်းဆီသို့ပြေးတက်သွားမိသည်။
"ဒုံး!!!
တံခါးဖွင့်သံအကြား အခန်းထဲ ရှိလူတစ်ချို့လန့်သွားကြသည်။ လူကတော့ သိပ်မစုံသေး။ တစ်ယောက် စ နှစ်ယောက်စနှင့်။
မောပန်းစွာခုံပေါ်ထိုင်လိုက်တော့..ထုံးစံအတိုင်း ခုံပေါ်မှာ ပဲနို့ဘူးလေးတစ်ဘူးနဲ့ ပေါင်မုန့်လေးတစ်ထုပ်။
စိတ်ရှုတ်ရှုတ်နဲ့နို့ဘူးကိုဖော်ကာ ပါးစပ်ထဲ အဝသွင်းလိုက်သည်။
"မိလား..ဟင်?!!!"
အလောတစ်ကြီးပြေးလာတဲ့ taehyung ဟာအသက်ရူတောင်မဝ။
"မမိဘူး"
"ဟ..!!အစောကြီး လာတာပဲကိုကွာ"
ပြသနာ က Jungkook ခုံပေါ်မှာ မနက်တိုင်း ပဲနို့လေးတစ်ဗူးနဲ့ပေါင်မုန့်လေးတစ်ထုပ်~တစ်ခါတစ်လေ သူစားချင်တဲ့ဟာလေးတွေ ရောက်နေတတ်သည်။ သူစာမရဘူး ညီးလိုက်တိုင်းအဲ့ဘာသာရဲ့ note တွေကအစ အကုန် ရောက်နေတတ်တာမျိုး။
လူစောင့်ဖမ်းတာ သုံးရက်ရှိပြီ။ ခုထိပင်မမိသေး။
ပဲပေါင်မုန့်ကိုကိုက်လိုက်ကာအခန်းထဲဝေ့ကြည့်လိုက်သည်။
အခန်းထဲ မှာ hosoek ကိုထိုင်ကြည့်နေတဲ့ yoongi ရယ် nanjoon ရယ် yoongiအမွှာ yoonji ရယ် ပြီးတော့ အတန်းခေါင်းဆောင် Kim seokjin ရယ်ပဲရှိတာ။ yoonjiများလား?ဆံပင်ကိုတစ်သ,သသတ်တင်ကာ ရေခဲမုန့်ထိုင်စားပြီး Kim namjoon ကို ငမ်းနေတဲ့သူမ။ မဖြစ်နိုင်ဘူး။
Hoseok ကိုကြည့်တော့ စာသာလုပ်နေသည်။ hosoek ကိုပယ်တယ်။ yoongi အယ်မလေး ကုလားသေကုလားမောအိပ်နေလိုက်တာဘေးက သွားရေတွေပါကျနေပြီ။ ပယ်တယ် ပယ်တယ်..,
"ဒုန်း.."
တံခါးစွဲအဖွင့် ဝင်လာတာ jimin
Jimin လာတော့ taehyung ကပြုံးစိစိ။ taehyung ဖုန်းကိုအကြည့်ရောက်တော့ Jungkook မျက်လုံး ပြူးသွားသည်။ မဟုတ်မှ..