~မိုးရာသီထဲ~Ending

1.4K 173 11
                                    

"seokjin..ရရဲ့လား"

"ဟက်ချိုးးး..ရတယ် သွား"

Jimin က နောက်ဆံတင်းစွာ seokjin ကိုစိတ်မချ။

"ငါစိတ်ချမယ်နော်"

"သွားပါဆို.."

Jimin ထွက်သွားတော့ seokjin က စားပွဲ ဝိုင်းက တစ်ရူးအလိပ်လိုက်ကို သူ့အိတ်ထဲ ကောက်ထည့်လိုက်သည်။ရုပ်ပေါက်တယ်ဆိုပေမဲ့ သူနှာချီရင်နှပ်ချီးများက ထွက်ကျလာသောကြောင့်ပင်။ နေမကောင်းမှန်းသိရက်နှင့် ကြင်နာသူ၏စကားကြောင့် သူ ကပွဲကိုလာခဲ့သည်။

မျက်လုံး ဝေ့ဝိုက်စွာရှာသောလည်းမတွေ့။ Jimin ကတော့ သူ့အုပ်စုနှင့်သူ။
သူနှုတ်ခမ်းကစူချင်လာသည်။ Jungkook ကရောက်မလာသေး။ Jungkook ရဲ့ တွဲဖက် Yuriကိုကြည့်လိုက်တော့ အပြာနုရောင် ဂါဝန်လေးနဲ့အရမ်းကိုလှနေသည်။

ဒါဆို Jungkook ကရောအပြာနုရောင်လေးပဲဝတ်လာမှာလား။ စုံတွဲအကဆိုတော့ ဆင်တူပဲပေါ့။ seokjin ကခုံပေါ်မှာ လျော့ရိလျော့တွဲထိုင်ကာ..အပူငွေ့တစ်ထောင်းထောင်း။

"ဟိ..ချစ်စရာလေး"

အမှောင်ထောင့်ကျကျနေရာမှာရှိနေတဲ့jungkookဟာseokjin ကိုငေးကြည့်မိသည်။
အညိုဖျော့ဖျော့ suite လေးက seokjin နဲ့လုံးဝလိုက်ဖက်နေသည်။ မသိရင် ချောကလပ်ကြားထဲညှပ်နေတဲ့နို့ခဲလေးလို

နှာခဏခဏချီနေတာကြောင့်jungkookကစိုးရိမ်နေပေမဲ့ကပွဲလာပေးလို့ကျေးဇူးပင််တင်ရမည်။ seokjin အတွက်သူ့မှာSurprise ရှိသည်။

"ဟဲ့ Jungkook က နင့်ကို ချစ်ခွင့်ပန်တော့မှာဆို"

"အဟင်း မဟုတ်ပါဘူး"

ဂုဏ်ပြုပန်းစည်းကိုင်ထားတဲ့yuriဆီကစကားသံလွင့်လာတော့seokjinအလိုလိုခေါင်းထောင်လျက်သား။

"ဘာမဟုတ်ရမှာလဲဟယ်..နင့်ကိုကြိုက်နေတာအသိသာကြီးကို"

"နင်တို့ကလည်း.."

ရှက်ဝဲဝဲရီသံလေးကြောင့်seokjinမျက်ဝန်းတို့စိုစပြုလာသည်။ တွေ့လိုတွေ့ငြားသူ့ကိုလှည့်ပတ်ရှာကြည့်တော့yuri တို့စားပွဲကိုလက်ထောက်ပြီးကြည့်နေတာကြောင့် လက်ထဲကတစ်ရူးစလေးကိုချေကာ..သူမတ်တက်ရပ်လိုက်မိသည်။

•ᴋᴏᴏᴋᴊɪɴ sʜᴏʀᴛ ᴄᴏʟʟᴇᴄᴛɪᴏɴ•[✔︎]Where stories live. Discover now