"အဲ့ J group က ဘာတွေများသာနေလို့လဲ"
လက်သီးတင်းတင်းစုတ်ရင်း ဒေါသထွက်လို့ မေးရိုးတွေတင်းကုန်သည်။ နားထဲမှာ အဖေဖြစ်သူရဲ့ "Park Jimin" လောက်တောင်အသုံးမကျဘူးဆိုတဲ့စကားက အထပ်ထပ်ပြန်ကြားယောင်စေသည်။
လိုချင်တဲ့ခရီးရောက်တော့ စိတ်လျော့လိုက်ရင်း ပွဲဖိတ်စာကိုင်ကာ သူဝင်လာခဲ့လိုက်သည်။ အထဲရောက်မှာ ဂျောင်ကု ပါးစပ်ဟသွားရသည်။ အဲ့တာကြောင့်အဖေ့ကိုမဖိတ်ပဲ သူ့ကိုပဲဖိတ်တာပေါ့။ လူငယ်တွေကြီးပဲကဲလို့ရအောင် လုပ်ပေးထားပြီး မူးရူးကွဲပြဲနေကြတဲ့လူတွေကြီး။ လုံခြုံရေးတွေနဲ့ လုံးဝသေချာစီစဉ်ထားပြီး မွေးနေ့ရှင်ကိုရှာတော့ မိန်းကလေးတွေနားမှာ ပုလင်းကိုင်ပြီး ဟီလာထနေသည်။
"မစ္စတာ JK!!"
သူ့ကိုယ်သူတောင်ထိန်းမနိုင်ပဲ ပုလင်းကြီးတစ်ရမ်းရမ်းနဲ့ park Jimin ကို ဂျောင်ကုခေါင်းခါမိသည်။
"ဒီဘက်ကို ကြွပါခင်ဗျ ဒီနေ့အမုန်းကဲလို့ရပါတယ် ဟီးဟီး"
လေလံအောင်သွားတာကြောင့် ပတ်ခ်တို့က အရမ်းပျော်နေတာ။ သူကတော်ရုံကိစ္စတွေ စိတ်ထဲမထားပေမဲ့ ဒီတစ်ခေါက် သူတို့တော်တော်အထိနာထားတော့ သိပ်မကျေချင်။ ကြီးမားတဲ့ရေကူးကန်နားမှာ လွတ်နေတဲ့ ခုံနေရာတွေ့တာမို့ ဂျောင်ကုဝင်ထိုင်လိုက်သည်။ ခဏပဲမျက်နှာပြပြီးရင် သူပြန်မှာပါ။
"အမေ့!!"
အသံတစ်ခုကြားတာမို့ သူအောက်ကိုငုံ့ကြည့်တော့ သူ့အောက်မှာ မှောက်ရက်လဲတဲ့တစ်ယောက်။ ဘယ်လိုတောင်မူးရူးနေတာတုန်း!! မှောက်ရက်ပေမဲ့ သူက ကျောပဲမြင်ရပြီး ကုန်းထတော့ အောက်က boxer သာပါပြီး လုံးဝန်းတဲ့ မက်မွန်သီးတွေ။ ခါးသေးသေးလေးမို့ မိန်းကလေးလို့ ထင်မိပေမဲ့
"ဘောလုံး!! ငါ့ဘောလုံးးး!! ခွေးကောင် အဟားးဟားး!!!"
ယောင်္ကျားသံကြီးနဲ့။ သူရှေ့မှာခုန်ဆွဆွနဲ့မို့ တုန်တက်သွားတဲ့ မက်မွန်လုံးလေးတွေ။ စိတ်ရှိလက်ရှိ ရိုက်လိုက်ရရင်ဖြင့်။
သူနှုတ်ခမ်းသတ်မိတဲ့အချိန်မှ လှည့်ကြည့်လာတဲ့ကောင်လေး။ ဂျောင်ကု အသက်ပါမရူမိတော့။ လှလိုက်တဲ့ ကောင်လေး ရေစိုလို့ ကပ်နေတဲ့ အဝတ်အစားတွေနဲ့ မူးလို့ နီရဲနေတဲ့ မျက်နှာလေး သူ့ကိုပြူးကြောင်ကြောင်ကြည့်နေသည်။ခရမ်းရောင်ဆေးအကူနဲ့ဆံသားတွေက ကပ်နေပြီး လုံးဝန်းပြီးတွဲကျနေတဲ့ နှုတ်ခမ်းသားတွေ။ အင်္ကျီပဲပါတာမို့ ကောင်လေးကို တစ်ခြားဘယ်သူတွေများငမ်းနေလဲမသိ။