တီး တီး တီး တီး
မနားတမ်းအော်နေတဲ့နှိုးစက်ကြောင့် soekjin တစ်ယောက် ကုန်းရုံးထလာရသည်။ အဝတ်တောင်မကပ်တာမို့ လူကမျက်လုံးပြူးချင်ချင်။
"ညက ပူလို့လား"
သွားတိုက်ဆေးကိုပါးစပ်ထဲထည့်ရင်ရှုးပေါက်ဖို့ဇစ်ဖွင့်လိုက်တော့..
"အားးးး!!!!
အသံက ကောင်လေးနှစ်ယောက်တစ်ပြိုင်ထဲအော်သံပင်!!!
"အားး အန်တီ သားအခန်းထဲ ဘယ်လိုရောက်နေတာလဲ!!
"Kim soekjin အမေကိုနောက်စရာမှတ်နေလား စောစောစီးစီး "
တစ်ညလုံးဖွင့်ထားတဲ့သီချင်းမကြားတာမို့ Jungkook နိုးလာရင်းကြည့်တော့ ဘေးနားကအင်္ကျီတွေ သိမ်းကျုံးထည့်နေသော သိုးစုတ်အမေကြောင့် သူလန့်နိုးရသည်။
"ဗျာ!! "
မှန်ပြေးကြည့်တော့ ဟိုဘက်အိမ်က သိုးပေါက်ရုပ်!! ဒါက ဘယ်လို!!
****
"မင်း!!
"မင်း..!!"
"ဒါကဘယ်လို ဖြစ်ရတာလဲ "
"ငါလည်းဘယ်သိမလဲ.. "
လမ်းမအလယ်မှာနှစ်ယောက်သား ငြင်းခုံရင်း အံသြလို့မဆုံး!!
Soekjin ရုပ်နဲ့ Jungkook!!
Jungkook ရုပ်နဲ့ soekjin!!
"လမ်းမအလယ်မှာအဆင်မပြေဘူး တစ်နေရာသွား ရအောင်.. "
"ရှေ့ကသွား"
Jungkook မျက်နှာ နဲ့ soekjin က ရှေ့ကလှုပ်စိစိနဲ့ဖင်လှိမ်ကာထွက်သွားတော့ ဘောင်းဘီက ပေါင်လယ်လောက်ပဲရှိတယ် သူကရောဘာထူး တွေ့ရာကောက်စွတ်လာတာအပေါ်ကစွတ်ကျယ်ကြီးနဲ့!!
AN/ ဒီနေရာကစပြီး Jungkook ရုပ်နဲ့ soekjin
Soekjin ရုပ်နဲ့ Jungkook မြင်ပေးကြပါနော်!! ပေါ်အောင်မရေးနိုင်ရင် ခေါ်ထို့ပါ။ နာမည်တွေကဒီတိုင်းပဲရေးမှာပါ ရုပ်ကိုတော့ ဆန့်ကျင်ဘက်မြင်ပေးပေါ့🙇🏿♀️"ငါတို့ ဘာဖြစ်ကြတာလဲ ဟင်"
လက်သည်းထိပ်ကို တစ်တိတိကိုက်ရင်း soekjin ကမေးပေမဲ့ ရုပ်ကသူ့ရုပ်!!
"ငါလည်းမသိဘူး.. ဒါမဲ့ မနေ့ညက "
"ဟင် မနေ့ညက ဘာဖြစ်လဲ "