•ᴇx's sᴏɴ•

1.8K 178 15
                                    

"ထယ်.. ငါရောက်ပြီ"

"အာ.. ဆော့လေး ဘာစားမလဲ ငါဘာမှာပေးရမလဲ"

"ရတယ် အဆင်ပြေတာပဲ"

သူစားစရာတွေမှာနေတုန်း လက်ကို ယှဉ်တွဲလာတဲ့ ထယ်ယောင်းလက်။ သူကြည့်တော့ အောက်ကိုငုံ့ကာ ပြုံးစိစိ။

"ငါ့ရီးစားက ရှက်နေတာပဲ"

"ငါမရှက်ပါဘူး မကိုင်ရဲတာ"

သူငယ်ချင်းကနေ ချစ်သူဖြစ်ကြပေမဲ့ ထယ်ယောင်းက အနေအေးတော့ တစ်ခုခုဆို တွန့်ဆုတ်ဆုတ်။ သူကတော့ ပုံမှန်ပဲဖြစ်ပြီး အေးတာလဲမဟုတ်သလို အရမ်းလဲဖော်ရွေမနေ။ ထယ်ယောင်းရဲ့ ဒိုင်ယာရီ စာအုပ်ကို သူမတော်တဆဖတ်မိရင်း သူ့ကို သဘောကျနေတဲ့ထယ်ယောင်းစိတ်ကိုသိခဲ့တယ်။ ဒါပေမဲ့ သူလက်ခံလို့မဖြစ်ဟုဆိုကာ ရှောင်နေခဲ့ပေမဲ့ ထယ်ယောင်းက ထိပ်တိုက်ပြောလာတဲ့အခါ သူမငြင်းနိုင်ခဲ့။ ထယ်ယောင်းလို လူကောင်းတစ်ယောက်ကို သူဘယ်လိုအင်အားနဲ့ငြင်းနိုင်ပါ့မလဲ။

"စားပြီးရင် စာကြည့်တိုက်သွားရအောင်"

"အွန်း ပြီးရင်ရော"

"နောက်မှစဉ်းစားမယ် ခုအရင်စား"

ထယ်ယောင်းက ခေါင်းတစ်ညိမ့်ညိမ့်နဲ့ စတော်ဘယ်ရီအသီးတွေပါတဲ့ ကိတ်မုန့်လေးကို အားရပါးရစားနေသည်။ ဘေးတစ်စောင်းအနေထားမှာ နှာခေါင်းပေါ်ကမှဲ့နက်လေးကအထင်းသား။ ထယ်ကသိပ်လှတာပဲ။

"အာ.. ‌ငါမေ့နေတာ ဒီနေ့ ငါ့သူငယ်ချင်း ဟိုဆော့ ဆီစာအုပ်သွားယူရမှာ ထယ်ယောင်းလိုက်မလားဟင်"

"အွန်း လိုက်မယ်လေ သူ့အိမ်မှာလား "

"သူက ဒီအချိန်ဆို သင်တန်းမှာပဲရှိဦးမယ်ထင်တယ် စားပြီးရင် သွားရအောင်"

စားသောက်ခြင်းအမူပြီးစီးတော့ သူတို့ ဟိုဆော့ဆီထွက်ခဲ့ကြသည်။ ထယ်ယောင်းနဲ့ သူနဲ့ကမေဂျာမတူတာမို့ သူငယ်ချင်းပေမဲ့ အတန်းမတူ။ ဟိုဆော့နဲ့ကျ ဒုတိယနှစ်မှာ စခင်တာ။ အေးအေးလေးနဲ့အပြုံးချိုချိုကောင်လေးက တကယ့် အပြုံးနတ်ဘုရားလေး။

စမတ်ကျကျနဲ့ ကနေတဲ့ ကောင်လေး က အကြည့်တွေကအစ ရှိန်စရာ။ သူတို့ငေးနေရင်း အသက်ရှုပါအောင့်ထားမိကြသည်။ တော်လိုက်တာ ဟိုဆော့က။ ဘေးကထယ်ယောင်းကိုကြည့်တော့သူနဲ့ထပ်တူပင်။ ပါးစပ်လေးဟပြီးငေးနေတာ။ သူ့သူငယ်ချင်းအတွက်ဂုဏ်တောင်ယူမိသည်။

•ᴋᴏᴏᴋᴊɪɴ sʜᴏʀᴛ ᴄᴏʟʟᴇᴄᴛɪᴏɴ•[✔︎]Where stories live. Discover now