Talking with my lawyer
She said, "Where'd you find this guy?"
I said, "Young people fall in love
With the wrong people sometimes"
… Some mistakes get made
That's alright, that's okay
You can think that you're in love
When you're really just in pain
Some mistakes get made
That's alright, that's okay
In the end, it's better for me
That's the moral of the story, babe...ဆော့ဂျင် က ဖုန်းကဖွင့်ထားတဲ့သီချင်းကိုခပ်ဖွဖွလေးလိုက်ဆိုနေမိသည်။ ခန္ဓာကိုယ်ကနာကျင်နေတာကြောင့် မှောက်ခုံလေးသာလှဲနေရသည်။
"အချစ် နိုးပြီလား"
သူ့ကိုဖွဖွလေးဖက်တွယ်ကာ ပါးပြင်ကိုနမ်းရှိုက်လာတဲ့ ဟိုဆော့ ကြောင့် သူခေါင်းညိမ့်ပြကာ ရင်ခွင်ထဲတိုးဝင်လိုက်သည်။
"ငါလွမ်းနေမှာ.."
"နှစ်ပတ်လောက်ပါပဲ အချစ်ရယ် ပြီးရင်ပြန်လာပြီး တစ်ဝကြီးချစ်ကြမယ် နော်.."
သူ့စကားမပယ်ရှားတဲ့အကောင်ပေါက်က ပါးတွေချိုင့်တဲ့အထိပြုံးပြလာသည်။ ဟိုဆော့ မှာ တစ်ဖြုတ်ဖြုတ်ကြွေကာ သူ့ကိုယ်သူလည်းအံ့ဩရသည်။ ဒီကောင်လေးကို အပျော်တွဲဖို့သူလိုက်ခဲ့ပေမဲ့ ခုတစ်နှစ်နီးပါးရှိနေပြီ။ ဆော့ဂျင် ကသူ့အလိုသိပ်လိုက်ပြီး သူ့စကားလည်းနားထောင်သည်။ သူလိုရာပုံသွင်းနိုင်တဲ့ကောင်လေးမို့ ဟိုဆော့ ကသူ့အတွက်အသုံးဝင်နိုင်သရွေ့ဆွဲထားဦးမှာ။
"ဘာမှာဦးမလဲ အချစ်"
"ဟင့်အင်း လူသာ ကျန်းကျန်းမာမာနဲ့ပြန်လာပေး "
ဂျပန်ကိုနှစ်ပတ်ကြာခရီးထွက်ရမဲ့ချစ်သူကြောင့် ဆော့ဂျင် ရင်ထဲစို့နင့်နေသည်။ ဟိုဆော့ကသူ့ကိုအများကြီးချစ်ပေးပြီးဂရုစိုက်သည်။ အချစ်ခံရတဲ့ခံစားချက်ကို ဟိုဆော့ နဲ့မှခံစားရတာမို့ ဆော့ဂျင် သိပ်ပျော်သည်။ ဟိုဆော့ကိုလည်းအများကြီးချစ်သည်။
မနေ့ကမှ ခရီးသွားမဲ့အကြောင်းဖွင့်ပြောလာတော့ ဆော့ဂျင် ငိုမိသည်။ ဟိုဆော့ ကသူ့ကိုချော့ရင်း အတူတူပါနေမိသွားသည်။ ချစ်ရသူအတွက် ဆော့ဂျင် ကအဲ့လိုပေးဆပ်တာပါ။ အရေးကြီးတာ သူ့ကိုထားမသွားဖို့။
________
"ပင်ပန်းလားအငယ်"
"နည်းနည်း"
စာအုပ်တွေသိမ်းရင်း ပြုံးပြလာတဲ့အငယ်က တကယ်စာဂျပိုးလေး။ ဆေးကျောင်းသားမို့တစ်အားပင်းပန်မှာသူသိတာပေါ့။သူရောကိုယ်ရော အချိန်တွေမအားလပ်ကာ ညအိပ်ချိန်မှတွေ့ကြသည်။