"Kim soekjin "
"ဘာလဲ "
ကြောင်ရုပ်ပိစိလေးတက်တူးကတစ်ဝက်တစ်ပျက်နဲ့ soekjin ရဲ့လည်ပင်းမှာ မရှုမလှ။ သွေးတွေလဲစီးကျနေပြီး တက်တူးဆိုင်ကနေသူ့ကိုဖုန်းဆက်ကာ အနှောက်ယှက်ပေးသည်။
"မင်း ဘာတွေလျှောက်လုပ်နေတာလဲ ငါမင်းကို တောင်းပန်ပြီးပြီလေ အဲ့နေ့က ဘာမှ မဖြစ်ခဲ့ပါဘူးလို့ !!!
Jungkook မှာဒေါသထွက်လာရသည်။ club သွားတဲ့နေ့က ken ကအတော်မူးနေတာ။သူကသောက်နိုင်ပေမဲ့မူးတဲ့ထဲမပါတဲ့အရက်ဂျိုး။ ကနေရင်းken က လက်ကိုအတင်းဆွဲခေါ်ပြီး မကနဲ့ဘာညာဆရာကြီးလာလုပ်နေလို့တစ်ချက်နှစ်ချက် အင်း!! သုံးလေးချက်လောက်ပေါ့။ ကျွေးခဲ့တာ!!
အဲ့တာကို သူ့လူပျိုရည်ပျက်ပါပြီဆိုပြီးငိုတော့တာပဲ။ ဘယ်လိုရှင်းပြရှင်းပြနားမဝင်ပဲ လုပ်ချင်တာတွေပဲစွတ်လုပ်!!
"မင်းကိုငါဘာပြောခဲ့လဲ!!
လက်ထဲကတစ်ရှုးစကိုလွှင့်ပစ်ရင်း soekjin ကပြောတော့ သူမျက်ခုံးတွေကြုံ့မိသည်!!
"ဘာပြောလို့လဲ soekjin ခေါင်းလာမစားစမ်းနဲ့!!
"အဲ့ဆို ငါပြောမယ်.. ငါက မင်းလောက် မချမ်းသာဘူး ဘဝအာမခံချက်လည်းမရှိဘူး ပြီးတော့ဘယ်ချိန်ထဖောက်မလဲမသိတဲ့နှလုံးရောဂါသည်.. အဲ့ကြောင့်ငါ့အတွက်နဲ့ငွေကုန်ခံနေရတဲ့မိဘတွေကို စိတ်ပျက် အောင်တစ်ခါမှ မထားဖူးဘူး!!
မင်းကိုအိမ်လိုက်ပို့တဲ့ညက "သောက်လာတာလားသား!! ဆိုတဲ့ အဖေ့အသံငါအခုထိနားထဲကမထွက်သေးဘူး! အဲ့ကြောင့် ကျေးဇူးပြုပြီး ကွာ ငါ့ခန္ဓာကိုယ်ထဲမှာရှိနေစဥ်အတွင်း ငါ့ဘဝကို အားနာပြီးတော့ပဲ ဖြစ်ဖြစ် soekjin လိုပဲနေထိုင်ပေးပါ..
တရက်စပ်ပြောချလာတော့ Jungkook ခေါင်းထဲပြာသွားသည်။ soekjin က နှလုံးရောဂါနဲ့ လား!!
"ငါတောင်းပန်ပါတယ်... "
"နောက်တစ်ခါထပ်မလုပ်ပါနဲ့"
"အေးပါကွာ မင်းလည်း Jungkook ပီသပေး စာကြီးကြိတ်လုပ်မနေနဲ့"
"ဟမ်.. "
"ငါတောင်soekjin လိုနေရသေးတာပဲမင်းလည်းjungkook လိုနေပေါ့!!
"Jungkook ကဘယ်လိုနေလို့လဲ!!