"ငါဖျက်ချပြစ်မှာ"
"ဘီ!!!!"
ထယ်ယောင်းကို အဖတ်မလုပ်စွာ ဟိုဆော့ တွန်းတိုက်ရင်း ကားထဲဝင်လိုက်သည်။ သူကအခုမှ ဘဝစမှာလေ။ အောင်မြင်မူတွေ လွတ်လပ်မူတွေ။ အခုအားလုံးက သူရဲ့အမှားကြောင့်နဲ့ အကုန်ပြိုလဲကုန်သည်။
မျက်ရည်တွေဝဲနေတဲ့ "ဘီ" ကို သူချော့ချင်ပေမဲ့ သူကိုယ်တိုင်တောင်စွန့်အနေမိသည်။ သူလည်းအခုမှ ကျောင်းသားပဲရှိသေးတာ။ ကလေးအဖေဖြစ်ဖို့စောလွန်းသေးတယ်။ ပါတီနေ့ထဲက သူနဲ့ ဘီ တွဲဖြစ်ကြသည်။ နေ့တိုင်းနီးပါးအတူနေဖြစ်ကြတော့ ရလဒ်က ဘီမှာ ထွက်လာသည်။ အမျိုးသားတွေကိုယ်ဝန်ဆောင်နိုင်သလား သူမသိပေမဲ့ ဘီ့မှာရသည်။ လောလောဆယ်သူအရမ်း အံဩလွန်း၍ သူရောဘီပါဘာမှမပြောနိုင်ပါ။
"ကိုယ်တို့ အချိန်ယူစဉ်းစားရအောင် ဘီ ဒါက လူ့အသက်တစ်ချောင်းနဲ့ဆိုင်တယ် ကိုယ်တို့အဲ့လောက် မရက်စက်သင့်ဘူးမလား"
"ဟင့်~~ဘီ မသိတော့ဘူး"
ရုတ်တရက်ငိုချလာတဲ့ကောင်လေးအတွက် ရင်ခွင်ငှားလိုက်သည်။ သူဘီ့ကိုသိပ်ချစ်တာ။ သံသရာအဆုံးထိ ဘီနဲ့ပဲလက်တွဲဖို့ပြင်ဆင်ထားတာ။ ဒါပေမဲ့ ဘာတစ်ခုမှအဆင်သင့်ဖြစ်မနေဘူး။
__________
"နောက် .. နောက်တစ်ကြိမ် သေချာပေါက် ယူမယ်နော်.. နော် ယောင်း"
"အွန်း ကိုယ်တို့လက်ထက်ပြီးရင် အများကြီးမွေးလို့ရပါတယ်"
သေချာဆုံးဖြတ်ကြပြီး အနာဂတ်အတွက် ကလေးကို စွန့်လွတ်ဖို့တွေးလိုက်ကြတဲ့ သူတို့နှစ်ယောက်။ သူတို့ကိုယ်တိုင်လဲမပြည့်စုံသေးသလို မွေးလာမဲ့ကလေးကိုလည်း ပြည့်စုံအောင်ထားနိုင်ပါ့မလားဆိုတဲ့ယုံကြည်ချက်ရှိမနေ။
ခပ်ဆူဆူလေးဖြစ်နေတဲ့ ဗိုက်ကို ဆရာဝန်မလေးက စမ်းသပ်ပြတဲ့အခါ ထယ်ယောင်း အံကြိတ်ထားရသည်။တစ်ဒုတ်ဒုတ်ကြားရတဲ့ နှလုံးခုန်သံလေးက ထယ်ယောင်းကိုများရူးသွားစေချင်သလား။ ကလေးလေးရယ် ဘာလို့များ အဖေတို့ဆီမှာ!!