လူကိုမြင်တိုင်း မလုံမလဲနဲ့ ပြုံးပြုံးပြတတ်တဲ့ ကောင်လေးတစ်ယောက်!!
"ကျစ် မိုးကလည်းကွာ"
ကျောင်းဝန်းထဲ အပြေးလေးသွားမှ လမ်းတစ်ဝက်တွင်ရွာချလာသောမိုး။ လွယ်အိတ်ကလေးနေတာကြောင့် ဖိုင်တွဲတွေက ခေါင်းပေါ်တင်ပြီးပြေးကတော့သည်။
"ဟင်"
ရုတ်တရက်မိုးရေတွေက ကျမလာတော့။ သူဘေးကိုကြည့်တော့ ယုန်သွားလေးနဲ့ကောင်လေးက ပြုံးပြကာ ထီးမိုးပေးထားသည်။ ဟင်~~ သူ့ကိုကြည့်ကြည့်ပြီး ပြုံးပြုံးပြတတ်တဲ့ကောင်လေးမလား။
"ကျေး ကျေးဇူး"
"ဟုတ် ရပါတယ် "
လမ်းလျှောက်နေရင်း ထိကပ်သွားသော ပုခုံးတွေ။ ပါလာသောထီးမှာ တစ်ဆောင်ထဲမို့ ကောင်လေးပုခုံးတစ်ဝက်ကရွဲနေလေပြီ။ သူကရောဘာထူး အစထဲက ပြေးလာတာကြောင့် ကြွက်စုတ်လေးဖြစ်လို့။
"ဒါဆို ကျုပ်သွားတော့မယ်"
သူခေါင်းငြိမ့်ပြတော့ မျက်စိတစ်ဖက်မှိတ်ပြကာ ထွက်သွားတော့ လူက ကြောင်အသွားရသည်။ ဒိကောင်လေးတကယ်ပါပဲ။
"ဂျီနီရှီ!!! နောက်ကျတယ်နော်"
"အွန်း လမ်းမှာမိုးမိလို့"
အစောကြီးရောက်နေတဲ့ ဟိုဆော့က ပြောပြီး သူ့ကိုကြွားလုံးထုတ်နေသည်။
"ပန်းလေးကမွှေးနေတာပဲ ဟိ ဘယ်ကောင်မလေးလာထားလဲမသိဘူး"
"အယ်မယ် ငါ့ကောင်တောင်စွန်တော့မှာ စာတွေဘာတွေမပါဘူးလား"
"ဟင့်အင်း မပါဘူး ဒီတိုင်းတွေ့တာ"
"အွန်းပေါ့ အချိန်တန်ရင် လူလုံးထုတ်ပြလာမှာပေါ့"
"အားး ရည်းစားရဖို့မစောင့်နိုင်တော့ဘူး "
နှစ်ယောက်လုံး အရီသန်သူဖြစ်လို့ အတန်းထဲကလူတေကပါ သူတို့ကြည့်ကာရီနေသည်။ ကိုယ်ရှိန်သတ်ကာ ဆရာဝင်လာတာမို့ စာသင်ချင်းအလုပ်သာ စလိုက်သည်။
*****
"ဂျီနီ"
"ဟင်"