•Happy birthday seokjin •
laptop ထဲက birthday wish ကိုကြည့်ရင်း ဂျီနီ တစ်ချက်ရီလိုက်မိသည်။ ကိုကိုက ပြန်မလာခဲ့ဘူး နှစ်နှစ်ရှိနေပြီ။ ဂျီနီ နဲ့ပြသနာဖြစ်ထဲက ဂျီနီ လေဆိပ်လိုက်ပို့ခွင့်တောင်မရခဲ့ပါဘူး။ ပေါက်စနေခဲ့ ဆိုတဲ့စကားနဲ့ ဂျီနီငိုခဲ့ရတာခုထိမှတ်မိနေတုန်း!!
နာနာကျင်ကျင်ထားခဲ့ပေမဲ့ အဆက်သွယ်ရတဲ့အခါ ကျင့်ဝတ်အရ rp ပြန်တဲ့ message လေးတွေက အင်း အွန်း ကနေမတတ်။ နောက်ဆုံးပို့ထားတဲ့ message လေးက ဂျီနီ့ မွေးနေ့အမှီ ခွင့်ယူပြီးပြန်လာပေးနိုင်မလားမေးပေမဲ့ မသေချာဘူး ဆိုပြီး ရောက်ကိုမလာတာပါ။ ဂျီနီ က အခု 18 ကျော်ကျော် male omega လေးဖြစ်နေပြီ။
စတော်ဘယ်ရီကြိုက်လို့ဆိုပြီးချည်းကပ်လာတဲ့သူတွေရှိပေမဲ့ တစ်ယောက် နှစ်ယောက် လောက်ပါပဲ။ ကိုကို့ဆီပဲစိတ်မြှုပ်ထားတော့ ဂျီနီက စာကိုပဲတွေးနေမိသည်။ မျက်မှန် ပါဝါတွေတိုးလာတယ်။ ပါးလေးတွေဖောင်းလာတယ်။ ဗိုက်ခေါက်လေးတစ်ထစ်လောက်ထွက်လာပေမဲ့ ချစ်စရာကောင်းနေတုန်းပါပဲ။
မျက်ရည် တွေသုတ်ရင်း ကိုကိုမသွားခင် က ကိုကို့ဆီက ခိုးယူထားတဲ့အနွေးထည်ကိုရူရင်း ဂျီနီ ရဲ့တစ်နေ့တာစတင်သည်။ စာအုပ်တွေလွယ်အိတ်ထဲထည့်ရင်း ဟိုဆော့ ကိုဖုန်းဆက်ပြီး စက်ဘီးလေးစီးကာ ကျောင်းဆီသို့။ အိမ်နဲ့ သိပ်မဝေးတဲ့ ကျောင်းကနဂိုကျောင်းထက်ပင်နီးသေး။ အဝေးသင်ဖြစ်လို့ တစ်ခါတစ်လေ မှကျောင်းကိုလာရသည်။ အားလပ်ချိန်မှာ ညီမလေးကိုကူထိန်းရင်း part time လေးတွေလုပ်ပြီးကိုယ့်အသုံးစရိတ်ကိုယ်ရှာသည်။ part time တွေလုပ်တာတော့အိမ်ကိုအသိမခံပေ။ ခွင့်မပြုဘူးဆိုတာကြိုသိတာမို့ပါ။ ကိုယ်ကလည်း omega လေးဖြစ်နေတော့စိုးရိမ်ကြတာမစမ်း။
"ဟိုဆော့ "
"ဟားး ဂျီနီ အအေးပါလား"
အမောတကောနဲ့ ဟိုဆော့က ဂျီနီ့လွယ်အိတ်ဘေးက မေမေထည့်ပေးလိုက်တဲ့လီမွန်တီးဘူးကိုမော့သောက်နေသည်။
"မင်းမွေးနေ့ က များသွားတယ် ကြည့်စမ်းမျက်နှာကြီး ဖောနေတာပဲ"
ဟိုဆော့ ကိုကြည့်ရင်း ဂျီနီ ခေါင်းညိမ့်ပြလိုက်သည်။ မနေ့ကမွေးနေ့မှာ ကိုကိုပြန်လာမယ်အထင်နဲ့ အိမ်မှာပဲ လုပ်မယ်စိတ်ကူးထားတာ။ ဟိုဆော့ကသောက်ချင်တယ်ဆိုလို့လိုက်ပို့ရင်း ဟိုဆော့ က အခုမျက်နှာကြီးရဲပလောင်းခတ်နေသည်။ သူကတော့ အရမ်းမများပါဘူးကိုကိုလာရင်မသိလိုက်မှာစိုးလို့။