"ဆော့လေး ရေ ဒီကိုလာပါဦး.."
"ဗျာ.. ဟုတ် လာပြီ ကြီးကြီး "
ပန်းအိုးသယ်နေရင်းအပြေးလေးသွားကာ ကြီးကြီး စောင့်ခိုင်းထားသော ဟင်းအိုးကို အပေါ့အငန်မြည်းကြည့်ရသည်။ သေချာလေးအဆင်ပြေမှ ကြီးကြီး ကိုလက်မလေးထောင်ပြလိုက်ကာခြံထဲ ပြန်ဝင်ရသည်။
ကြီးကြီးကအကြားအာရုံမကောင်း.. အရသာခံနိုင်စွမ်းကလည်း တစ်ဖြည်းဖြည်း နည်းလာတတ်သည်။ဒီနေ့အိမ်ကို စံအိမ်ကြီးရဲ့သခင်ရောက်မည်မို့ဆော့ဂျင် တို့တစ်အားအလုပ်ရှုပ်နေသည်။
ဆော့ဂျင်ကဒီအိမ်ကြီးရဲ့သာမာန်အလုပ်သမားလေးတစ်ယောက်ပါပဲ။ဖေဖေက driver မေမေက ထမင်းချက်။ accident တစ်ခုကြောင့် ဖေဖေမေမေနဲ့ဒီစံအိမ်ကြီးရဲ့ မိသားစု ပါဆော့ဂျင် ဆုံးရှုံးလိုက်ရသည်။
ထိုအတွက်ကြောင့် သခင်လေးကဆော့
ဂျင်ကိုအရမ်းမုန်းသည်။ငယ်ငယ်ထဲကဆော့ဂျင် ကိုပဲတစ်အားအနိုင်ကျင့်သည်။နှိပ်စက်တက်သည်။ အလယ်တန်းလောက်မှာ နိုင်ငံခြားကိုပညာသွားသင်သော သခင်လေးကမနက်ဖြန် ပြန်ရောက်တော့မည်။ငယ်ငယ်ထဲကအရမ်းချောတဲ့သခင်လေးကခုချိန်ဘယ်လိုများနေမလဲ။သူ့ရဲ့ပါးဖောင်းဖောင်းကြီးတွေကိုညှစ်ဆွဲ ပြီးငိုအောင် စတတ်တဲ့သခင်လေးကရော ဘယ်လိုရုပ်မျိုးဖြစ်လာမှာလဲ သေချာပေါက်ချောမောနေမှာပဲ။
သခင်လေးရဲ့အမုန်းတွေပျောက်အောင်ဆော့ဂျင် အတတ်နိုင်ဆုံးကြိုးစားကြည့်ချင်သည်။အကိုက ပန်းသိပ်ကြိုက်တက်သည်။ ဓာတ်ပုံ ရိုက်ရတာလည်းကြိုက်သည်။ ညဏ်လည်းအရမ်းကောင်းသည်။ဆော့ဂျင် ကလွဲရင်အကုန်လုံးကို သဘောကောင်းပြီးချစ်မွှေးကြီးပင်။ဆော့ဂျင် တော့ဒီနေ့ညအိပ်ပျော်တော့မည်မဟုတ်တော့။
_____________
"ကားသံကြားတယ် လာပြီထင်တယ်ဆော့လေး"
"ဟုတ် ကြီးကြီး တို့ထွက်ကြိုလိုက်လေ ကျွန်တော် မလိုက်တော့ဘူး "
"အွန်းအွန်း.. ကြီးကြီး ပဲထွက်ကြိုလိုက်မယ်"
အကြောင်းသိသောကြီးကြီးကအတင်းမတိုက်တွန်း။ အမြဲတမ်း သတိရနေသော သခင်လေးရောက်လာတာမို့ဆော့ဂျင် မျက်ရည်ဝိုင်းတက်လာသည်။ မီးဖိုခန်းကနေအမြန်ထွက်ပြီး ခြံဝန်းနားထောင့်အကွယ်လေးက အကိုတို့ ကိုငေးကြည့်မိတော့ ပါးချိုင့်တွေနစ်ဝင်စွာပြုံးပြနေတဲ့အကိုက ကြီးကြီးကိုဖတ်ကာနှုတ်ဆက်နေသည်။ အကိုကချောလာလိုက်တာ..မျက်မှန်အမည်းရောင်လေးတပ်ပြီးအရပ်ကြီးကဆော့ဂျင် ထပ်အများကြီးမြင့်သည်။