အဝတ်အစားတွေ ပြန်လဲကာ ငယ်လေး ကိုကြည့်တော့ မျက်နှာက အတွေးလွန်နေတဲ့ပုံ။
"ငယ်လေး ကိုယ်ရှိတယ်လေ"
"ကိုကို မသိဘူး ကျွန်တော် ကြောက်နေတယ် "
"ကိုယ့်ကိုပဲ ယုံပေး နော် "
ရင်ခွင်ထဲက ဆော့ဂျင် က ခေါင်းညိမ့်ပြတာမို့ခေါင်းလေးကို ဖိကပ်နမ်းရင်း အောက်ထပ်ကိုဆင်းတော့ နမ်ဂျွန် ကဧည့်ခန်းမှာထိုင်နေသည်။ ခြေသံကြောင့်ထင်သည် နမ်ဂျွန် က ဆော့ဂျင် ကိုလှည့်ကြည်လာကာ
"ဆော့လေး"
ဆော့ဂျင် တစ်ကိုယ်လုံး ကို နမ်ဂျွန် က ပြေးဖက်ရင်းငိုလေသည်။ ဆော့ဂျင် အိမ်မက်မက်နေတာ မဟုတ်လောက်ဘူး။
"သခင် သခင်လေး"
"ဆော့လေး.. hyung တောင်းပန်ပါတယ်"
ဒူးထောက်ချလိုက်တာကြောင့်ဆော့ဂျင် နောက်ကိုဆုတ်မိသွားသည်။
"သခင်လေး.. "
"Hyung တကယ် တောင်းပန်ပါတယ် ဆော့လေး ရယ်"
"နမ်ဂျွန် မင်း ဘာဖြစ်တာလဲ "
ဂျောင်ကု က ခုထိ အံသြနေတုန်း။ ဆော့ဂျင် ကိုဖက်လိုက်ထဲကစိတ်ထဲမသန့်ပေမဲ့ ဒူးထောက်ချတာမို့ တကယ်လန့်သွားရတာ။ နမ်ဂျွန်ကအဲ့လိုလူမှမဟုတ်တာ။
"ဆော့လေး ဆော့လေး က ငါ့ညီလေးတဲ့ကွာ.."
"ဗျာ.."
ဆော့ဂျင်ကမျက်ရည်တွေဝိုင်းကာ သူ့ကိုကြည့်လာသည်။
"ငါလည်း ခုမှသိရတာ အသိလုံးဝနောက်ကျသွားခဲ့ ပြီ..ငါတကယ်ကိုတောင်းပန်ပါတယ်"
"ကျွန်..ကျွန်တော် က ဒီအိမ်က driver သားပါသခင်လေးရဲ့ အဟင်း.."
ရီချကာပြောတော့ ဂျောင်ကုလန့်ကာ ဆော့ဂျင် ကိုရင်ခွင်ထဲထည့်ထားလိုက်သည်။
"ကိုကို သခင်လေး လိမ်နေပြန်ပြီ "
"Hyungမလိမ်ပါဘူး
ဆော့လေးရယ်.. ""ငါ့အဖေနဲ့ ဆော့လေး အမေက မောင်နှမအရင်းကြီးတွေ ဒေါ်လေးက ဒီအိမ်က driver နဲ့ကြိုက်သွားကြတာမိဘတွေကသဘောမတူကြဘူးတဲ့ ခိုးပြေးပြီးလက်ထက်ယူကြတယ်။ ငါ့အဖေလက်ထက်တော့ အိမ်ခွဲနေရင်း သူ့ညီမကို မကြည့်ရက်လို့အိမ်မှာ ခေါ်ထားတာအဲ့တာကိုငါ့ အမေကအထင်လွဲ ပြီးဆော့လေး အမေကို"