*Cheers 🥂*
ထိကပ်သွားတဲ့ ခွက်တွေနဲ့အတူ အပြုံးနုနုလေးတွေ မျက်နှာထက်ချိတ်ဆွဲထားကြသည်။
"Gi အများကြီးမသောက်ရဘူးနော်"
"ဟုတ်ကဲ့ပါ ကိုကိုရဲ့"
ကဲသဲနေသောနှစ်ယောက်ကိုကြည့်ပြီးအားလုံးပြုံးရီနေကြပေမဲ့ တစ်ယောက်သောသူကတော့ အသက်မဝင်ပါ။ soekjin မှာ အချစ်ဦးရဲ့ ရိုလွန်းမူကို စိတ်ညစ်စွာထိုင်ကြည့်နေရသည်။ ရင်ထဲက လုံးဝနာပါသည်။ တစ်နေ့မှမေ့မရခဲ့။ တွေ့ရပြန်တော့လည်း ပိုင်ရှင်ကြီးနဲ့။
"Soekjin က ပြန်လာပြီပေါ့"
"အွန်း ဖေဖေ့ကျန်းမာရေးကြောင့်လေ စီးပွားရေးတွေကူလုပ်ပေးရမယ်ပေါ့ အဟင်း~~ အမှန်တော့ သူပေးစားတဲ့လူကို ယူဖို့လို့ပြောရင် ပိုမှန်မလားပဲ"
Soekjin စကားကို မငြင်းမိကြပါ။ Omega တွေအကုန်လုံးက အဲ့လိုဘဝမျိုးတွေပါပဲ။ တစ်ရာမှာ နှစ်ဆယ်လောက်သာ အချစ်စစ်နဲ့တွေ့ကြတာ။ကျန်တဲ့သူတွေမှာ results ရတာနဲ့ စေ့စပ်ပေးရတာနဲ့ လက်ထက်ပေးရတာနဲ့ အဆိုးဆုံးရောင်းစားတာမျိုးတွေတောင်လုပ်ကြသည်။
"ဘာနံ့ကြီးလဲ"
Beta ကောင်လေးရဲ့အပြောကို Jimin က ကျယ်လောင်စွာထရီသည်။
"အဲ့တာ gi လေ အရက်သောက်ရင် ဟော်မုန်းမထိန်းနိုင်ပဲ ကပြောင်းကပြန်နဲ့ အန္တရာယ်တော့ မရှိပါဘူး သူ့ရဲ့ မြေသင်းနံ့ကနေ အရက်လောင်းထည့်တော့ ဓာတ်ဆီနံ့လိုထွက်လာတာ"
သူတို့တစ်ဝိုင်းလုံး အူတက်ကုန်တာထိန်းမရတော့။ yoongi မှာ နှုတ်ခမ်းကြီးစူပုတ်ပြီး Jimin ကိုမျက်စောင်းသာထိုးသည်။
"မသောက်တော့ဘူး "
"အကို yoongi က ဆရာဝန်မပြဘူးလား"
"ပြတာပေါ့ တစ်ရာမှာ တစ်ယောက်ပဲဖြစ်တာလေ side effects မရှိဘူးဆိုလို့ သူက ဒီတိုင်းထားတာ သူအရက်သောက်ရင် ဓာတ်ဆီနံ့ကြီးထွက်ထွက်လာတာ ဖွီး"
"ကိုကို့"
Alpha ကြီးရဲ့ စိတ်ကောက်တဲ့အပြုအမူကို အကုန်ဝိုင်းသဘောကျနေကြသည်။
"ပြန်တော့မလား ကလေးလေး"
"ဟင် အတူပြန်မယ်လေ ဘဲကြီးကလည်း"