ဒီနေ့ကဆေးစစ်ရမည့်နေ့မို့ နှစ်ယောက်သားဆေးရုံသို့ရောက်နေကြသည်။ ဆေးစစ်ပြီးတစ်ပတ်အကြာလောက်မှ results ကိုရမှာ။ ရှေ့ဆင့်နောက်ဆင့်နှင့် နှစ်ယောက်သား အဖက်ပင်မလုပ်။
ဆေးစစ်ပြီး soekjin မှာ ကိုကိုနှင့်ချိန်းထားပြီး ချစ်ခွင့်ပန်ဖို့ပြင်ဆင်ထားသည်။ သူ့ထက်အရင်ပြီးသွားသော သကောင့်သားကတော့ အရင်ပြန်သွားတယ်ထင့်ပါ့။ ဆေးရုံလာတုန်းကတောင် ကားကိုမသိမသာပြိုင်မောင်းလာကြသေး။
"ဟင်~~"
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် soekjin မျက်ရည်တွေဝဲတက်လာသည်။ ကိုကိုနဲ့ Jungkook နဲ့က ရီရီမောမောစကားပြောနေသည်။ ပြီးတော့ ရုတ်တရက် ကိုကိုက Jungkook နားကိုကပ်ကာ ပါးကိုနမ်းလိုက်သောကြောင့် soekjin ဆက်မကြည့်နိုင်တော့ပဲမျက်လုံးတွေမှိတ်ချလိုက်သည်။
"ရလား Jungkook"
"အာ..ရပြီအကို ထွက်သွားပြီ"
မျက်စိထဲဝင်သွားသော ဖုန်မှုန့်ကိုထုတ်ပေးနေကြခြင်း။မြင်ကွင်းကိုအထင်လွဲသွားသော soekjin မှာတော့!!
"အားးး"
ကားကိုပြန်ကွေ့လာရင်း ဒေါသကအလှိမ့်လိုက်ထွက်ရသည်။ ဘာလို့သူပိုင်သမျှကို လာလာလုနေရတာလဲ။ မကျေနပ်ဘူး သူ့ကို။ ကိုကို့ကိုတော့ ဆုံးရှုံးခံလို့မဖြစ်ပါ သေချာပေါက်သူပဲပိုင်ဆိုင်ရမှာ။ မျက်ရည်တွေသုတ်ပြီး သူအိမ်ပြန်လာလိုက်သည်။ ခြံထဲက နှစ်ယောက်အပြင် yoongi ပါရောက်နေသည်။ မျက်နှာရူးမို့ သူကြည့်မရ။ သူငယ်ချင်းနှစ်ယောက်လုံးအချိုးကိုမပြေ။
Tee!!!!!
သူကားဟွန်းကိုအကျယ်ကြီးတီးချလိုက်တော့ ကိုကိုကလန့်သွားပုံရသည်။ Jungkook ကတော့မျက်မှောင်ကုတ်ကာ တစ်ချက်ပင်ကြည့်သည်။
"ခင်ဗျားက ကျုပ်ဆီလာတာလား သူတို့ဆီလာတာလား"
Soekjin အော်လိုက်တော့ ကိုကိုက မျက်နှာငယ်လေးနဲ့။
"Yoongi က ကိုကို့ ငယ်ငယ်က ဘေးအိမ်က ကလေးမို့ စကားပြောနေတာပါ အသေးလေးရယ်"
"ဘာ!!"
Soekjin မှာ ပိုလို့ပင်လန့်သွားရသည်။ အမှန်ပြောရရင် ကိုကိုက အဲ့ကလေးနေရာမှာ သူ့ ကိုအစားထိုးခဲ့တာ။ ချစ်လားမေးရင် တတိယအချစ်ဆုံးလိုပဲဖြေသည်။ သူက ပထမရော ဒုတိယပါမဟုတ်ခဲ့။ ခုသူနေရာတစ်ခု နောက်ထပ်ဆုတ်ပေးရဦးမှာလား။