"ဘာအရသာကြိုက်လဲ?"
"ကျစ်.. ဘာစကားတုန်းအဲ့တာ"
"အာ.. မှားသွားလို့ မင်းအကိုကိုမေးတာ သူဘာကြိုက်လောက်မယ်လို့ထင်လဲ?"
"အဟွန်း.. စ..စတော်ဘယ်ရီ ထင်တာပဲ"
"ဟက်!!"
ပတ်ခ်က တစ်ချက်ရီပြီး စင်ပေါ်မှာရှိတဲ့ စတော်ဘယ်ရီ favor အကာကွယ်တွေကို ခြင်းထဲထည့်ပြစ်သည်။ ထယ်ယောင်းအဲ့တာကိုမြင်ပြီး ရှက်လဲရှက်သည် ဝမ်းလည်းနည်းသည်။ ငယ်ငယ်ထဲက သဘောကျခဲ့တဲ့လူက ကိုယ့်အကိုနဲ့အတူနေမှာကို အကာကွယ်လိုက်ကူဝယ်ပေးနေရသည့်အဖြစ်!!
"ရှင်းပြီး ပြန်စို့"
ထယ်ယောင်းခေါင်းညိမ့်ပြကာ ရှေ့ကထွက်သွားတော့ နောက်က ပတ်ခ်က နောက်ကျောကိုကြည့်ပြီး နှုတ်ခမ်းသပ်သည်။ ဂစ်တာရှိတ်လေးလိုခန္ဓာကိုယ်မျိုးက ကင်မ်ညီကိုနှစ်ယောက်မှာပဲရှိတာ။ သောက်ရမ်းလှတယ်!!
"ဒါဘယ်ခေါ်လာတာလဲ"
"အိမ်ထဲဝင်ဦး မင်းအကိုအတွက်ပစ္စည်းပေးလိုက်မို့"
ထယ်ယောင်းဆူပုတ်ပုတ်နဲ့ပဲ ပတ်ခ်ရဲ့ကွန်ဒိုကိုလိုက်လာခဲ့သည်။သူအဖေ့ကိုshoppingထွက်ဖို့မုန့်ဖိုးတောင်းနေချိန်ရောက်လာသော ပတ်ခ်ကြောင့် သူနဲ့အတူသွားရသည်။ အဖေ့စနတ်တွေပေါ့။ ပတ်ခ်က ၁၆နှစ်သားထဲက သီးသန့်ခွဲနေတာဖြစ်ပြီး ဒီကွန်ဒိုမှာပဲ သူ့ငယ်ဘဝတစ်စိတ်တစ်ပိုင်းပါဝင်သည်။
"ခဏထိုင်"
အခန်းထဲဝင်သွားသောပတ်ခ်ကြောင့် ဧည့်ခန်းထဲမှာငြိမ်ငြိမ်လေးထိုင်နေမိသည်။ လက်ထဲက သူ့အထုတ်တွေချကာ အိမ်ကိုဝေ့ဝိုက်ကြည့်မိသည်။ သူမရောက်ဖြစ်တာ ကြာနေပြီ။ ပတ်ခ်ဆီက ရတဲ့အနံ့သင်းသင်းလေးလွှမ်းခြုံထားတာမို့ ယောင်းအဝရှုသွင်းလိုက်သည်။
"ရော့!! သူမှာထားတာ အခုတစ်လောသူအလုပ်ရှုပ်နေလို့"
စာအုပ်လေးဖြစ်မည်ထင်။ ပါကင်ထုတ်ထားတော့ သူသေချာမသိပါ။ ခေါင်းညိမ့်ကာ ယူလိုက်တော့ လက်ကိုခပ်ဖွဖွလေးလာထိသည်။
"စတော်ဘယ်ရီစားမလား"
"အမ်"
"ခုဏကဝယ်လာတာလေ"