"ဟိုဘက်အိမ်က နွားကောင်ရေ အသံလျော့ပါဦး ငါစာလုပ်လို့မရတော့ဘူးကွ"
Oh no (oh no)
Oh no (oh no)
You're going 'round in circles
Got you stuck up in my head, yeah..သူ့အသံက သီချင်း သံထဲမြုပ်သွားတာမို့soekjin ဒေါသအတောင့်လိုက်ထွက်ကာ ပြတင်းပေါက် နားကပ်သွားကြည့်တော့ အင်္ကျီ မပါတဲ့အကောင်က နားကျပ်ပါတပ်ပြီးကဲချင်တိုင်းကဲနေတာ။ အယ်မယ် six pack တွေနဲ့ဟ။
ငမ်းကြောဖြတ်ပြီး မနက်ဖြန် assignment အတွက် ဘေးနားကပန်းအိုးက ကျောက်စရစ်ခဲယူကာ ပစ်လိုက်တော့
"ဒုတ်"
"အ့ ဘယ်နွားချောင်းလုပ်တာလဲ"
"ချောင်းမလုပ်ဘူးပေါ်တင်လုပ်တာ မင်းစောက်သံကိုလျော့ ဘေးအိမ်လည်းအားနာဦးငါစာလုပ်လို့မရတော့ဘူးကွ"
တိုက်ပုလေးနှစ်ခုကဘေးချင်းကပ်ရဲ့ဖြစ်ပြီးအခန်းနှစ်ခုမှာအလယ်က လူသွားလမ်းပိစိလေးသာခြားသည်။
"ငါလည်း မနက်ဖြန် ပြိုင်ပွဲရှိတယ်အဲ့ကြောင့်တိုးမပေးနိုင်ဘူး"
"ဘာ!! အုန်းသီးကောင် "
"သိုးစုတ် အေးဆေးနေနော် "
"ဂါးးးး!!! ယုန်စုတ်ကတော့"
ခုဏက six pack ငမ်းမိတာပြန်ရုတ်သိမ်းတယ်။ အလကားအုန်းသီးကေနဲ့ ကျက်သတုန်း!!
"နွားကောင်!!"
အသားလွတ်အဆဲခံရတာမို့jungkook မျက်လုံး ပြူးခနဲ။
"အင်ဖနတီ ဖော့ခ်ပဲ သိုးစုတ်!!"
အောက်ထပ်မှာ ညစာစားနေတဲ့ မိသားစုနှစ်ခုကတော့ ဒီအခြေနေကိုနေသားကျနေခဲ့ပါတယ်။
"အားး shit နောက်ကျနေပြီ.. အမေရေ သားနာရီ.. အားး ဒီမှာ ပဲ"
တစ်ညလုံး စာလုပ်ပြီးမနက်မှအိပ်မှုံစုတ်ဖွားနိုးလာတဲ့soekjin က ကျောင်းကားမှီရန်သာဆုတောင်းလေတော့သည်။
"Taehyung.. ငါဒီမှာကွ!!
"ဟာ ဟျောင့် ဒီနေ့က အသစ်နဲ့ပါလား"
ဘေးနားက မိုးပြာရောင်အမိုးပွင့်ကားကြီးနဲ့ Jungkook က နှင်းဆီခိုင်ကြီး!!သူပဲလေဆိုတဲ့စတိုင်လ်နဲ့ မျက်ခုံးပင့်ပြကာ