"ဘာ!!! အဲ့လိုလုပ်လို့မရဘူးလေ"
"အေး မင်းတော့မသိဘူး ငါတော့ အရမ်းအမြင်ကပ်နေပြီတစ်ကျောင်းလုံးကသူတို့တွဲနေပြီဆိုတာပဲပြောနေကြတာ"(jm)
"Jungkook ကငါ့ကိုအရွဲ့တိုက်တာပဲနေမှာပါတကယ်မဟုတ်လောက်ပါဘူး"
"ဟူး ငါထင်တာ ဒီညတစ်ခုခုဖြစ်ကြမယ်ထင်တယ် နာယောင်းအကြောင်းမင်းအသိဆုံးမလား"
သူသိပ်သိတာပေါ့ နာယောင်း ဆေးခပ်လို့သူနဲ့တောင်တွဲလိုက်ရသေးတယ်။ အလကားချူစားနေတဲ့မိန်းမ။ Jungkook ကိုရောအဲ့လိုလုပ်လိုက်ရင်..အတွေးနဲ့တင်မျက်ရည်ဝဲလာတာမို့ ဖုန်းချပြစ်လိုက်သည်။ ညနေမှာ လုပ်မဲ့ပွဲကိုသူရောက်အောင်တက်မှရမယ်။ Jungkook ကိုရှင်းပြမယ်..သူဘယ်လောက်ချစ်မိသွားကြောင်း။
__________________________________
"Jungkook နေမကောင်းဘူးလားဟင်"
နဖူးကိုလက်စမ်းသောနာယောင်း လက်ကိုရှောင်ရင်း ခေါင်းခါပြလိုက်သည်။ အခုထိseokjinကမိန်းကလေးတစ်ယောက်ပါးကိုရိုက်လိုက်တယ်ဆိုတာမယုံနိုင်သေးဘူး။ နာယောင်းပါးကလက်ငါးချောင်းရာကြီးကြောင့်jungkook သက်ပျင်းချမိသည်။ သူမသိတဲ့seokjin ရဲ့ပုံစံကဘယ်လိုမျိုးလဲ
"ညနေကျရင် တွေ့မယ်နော်jungkook နာယောင်း..သွားပြီ"
"အွန်း"
ကားပေါ်က ဆင်းသွားပြီးအိမ်ထဲရောက်တဲ့အထိသူကားမထွက်နိုင်သေး။ သူနာယောင်း ကိုလက်မထက်ချင်ဘူး..ဒါမဲ့..
"သား..သားစိတ်ပြောင်းအောင် ကြင်ဖက်တွေ့ကြည့်ပါလားသားရယ်"
မေမေ့စကားကြောင့်နာယောင်း နဲ့တွေ့ရင်းအတန်းတူဖြစ်တာကြောင့်ပြီးပြီရောလက်ခံလိုက်မိတာ။
အရမ်းဝမ်းနည်းလာတာကြောင့် ဖုန်း gallary ထဲက seokjin ပုံလေးကိုထုပ်ကြည့်မိသည်။ လျစ်လျူရှု တဲ့အခါ သူကအဆပေါင်းများစွာပိုနာကျင်ရသည်။ သူသာ မဆိုးခဲ့ဘူးဆိုရင် အခုချိန်ဆိုအနမ်းတွေဝေနေလောက်ပြီ။
"ဟူးးး"
__________________________________
"Jungkook ဒါလေးသောက်လိုက်ပါဦး"
"တော်ပြီ ကျွန်တော် မသောက်တက်ဘူး "
Seokjin တစ်ယောက်hoseokတို့ဝိုင်းကနေjungkook ကို မျက်ရည်ဝိုင်းလေးနဲ့ ကြည့်မိသည်။ Jungkook ကသူ့ဘက်ကိုတစ်ချက်မှကြည့်မလာတာ။ နာယောင်းနဲ့ပဲ ပြုံးပျော်နေတာကြောင့်သူ့လက်ဖျားတွေအေးဆက်လာသည်။