Unicode
အိမ်ရှေ့ဧည့်ခန်းထဲတွင် အိမ်ရှိအလုပ်သမားမလေးနှစ်ယောက်နှင့််မေမေသည် အလုပ်တွေရှုပ်နေကြသည်။မေမေ ဘာတွေစိတ်ကူးပေါက်သလဲမသိ.. လဲထားတာမကြားသေးသော ခန်းဆီးလိုက်ကာတွေကိုဖြုတ်ခိုင်းနေကာ အသစ်တစ်ခုတက်ရန်ပြင်နေသည်။ ဧည့်ခန်းတစ်ခုလုံးလည်း ရှင်းလင်းတောက်ပြောင်နေပြီး ကြမ်းပြင်ကလည်းလက်လက်ကိုထနေတာပင်။
အရင်ကလည်း ရှင်းလင်းတာပါဘဲဆိုပေမဲ့ ဒီနေ့ကပိုထူးခြားနေသလိုဟု စိတ်ထဲတွေးမိရင်း ထမင်းစားခန်းထဲ ဝင်သွားတော့
ဘာတွေချက်နေပြုတ်နေမှန်းမသိ.. ချွေးလေးေ
တွတောင်စို့နေသော အဒေါ်ကြီးသည် တစ်မနက်လုံးချက်နေသလားပင်ထင်မှတ်ရသည်အထိ။အရမ်းချမ်းသာကြတာ မဟုတ်သည့်အတွက် အလုပ်သမားဆိုလို့ နှစ်ယောက်သာရှိပြီး တစ်ယောက်ကတော့ မေမေတို့နှင့် ငယ်ငယ်ကတည်းကဆွေးမျိုးနီစပ်တော်သော သူ့ကို ထိန်းကျောင်းခဲ့တဲ့ အဒေါ်ကြီး။
Jimin ရေခဲသေတ္တာာထဲက ရေတစ်ဗူးယူကာ သောက်ရင်း အလုပ်ရှုပ်နေသော အဒေါ်ကြီးကိုကြည့်ရင်း တွေးနေမိ၏။ ဘာတွေဖြစ်နေကြတာလဲဆိုတာကိုပေါ့။
သူကြည့်နေတုန်း သူ့ဘက်ကို ဟင်းအိုးမွေးနေရာမှ မျက်လုံးရောက်လာသောအဒေါ်ကြီးသည် သူရောက်နေတာကိုအခုမှမြင်သွားကာ.."Minnie လေး.."
Jimin လည်း အဒေါ်ကြီးအနားလျှောက်သွားလိုက်ရင်း
"အဒေါ်ကြီး အိမ်မှာဘာတွေဖြစ်နေကြတာလဲ..
တစ်ခုခုထူးဆန်းနေသလားလို့.."မျက်မှောင်လေးကြုတ်ပြီး ပြောလာသော ကလေးလေးသည် သိပ္ခ်စ္စရာ။
အဒေါ်ကြီးက ဟင်းအိုးကိုမွှေနေရာမှချလိုက်ပြီး သူ့ဘက်ကိုကြည့်ကာပြုံးလိုက်ရင်း.."အော်...
ဧည့်သည်လာမှာမို့လို့လေ.."ဧည့်သည်။ သူလည်းမသိရပါလား။ဘယ်ကလဲ..ဘာလို့လာတာလဲ..။
ဘာလို့သူကမသိရတာလဲ..အမှန်ဆိုသူလည်းသိသင့်တယ်မဟုတ်လား..ဒါမှကူညီသင့်တာကူညီလို့ရမှာပေါ့.. အခုတော့ ။"ဘယ်ကဧည့်သည်လည်း ဘာလို့သားကိုမပြောကြတာလဲ..သားလည်းကူညီသင့်တာကူညီရမှာပေါ့.."
YOU ARE READING
နှလုံးသားရဲ့ ပဲ့ကိုင်ရှင်