💘 Part 2 💘

2.9K 141 2
                                    

Unicode
ဆံပင်အနက်ရောင် ခပ်အုပ်အုပ်လေးများနှင့် နက်ပြာရောင် အနောက်တိုင်းအကျီၤလေးကို ိုဝတ္ထားတာက ကလေးပေါက်စလေးလိုချစ်စရာ။အတင်း လူကြီးလေးလုပ်ချင်နေသော ကလေးလေးသဖွယ်။

ဖူးယြနေသော ပန်းနုရောင်ပြေပြေလေး သန်းနေသော မျက်နှာလှလှလေးက အပြစ်ဆိုဖွယ်တစ်ခုမရှှိ..
ပါးလေးကလည်း ဖိလိုက်တာနှင့် အိဝင်သွားလောက်မည့်အထိ ဖောင်းဖောင်းလေး.. ကြည်လင်နေသော မျက်နှာလေးက မီးရောင်အောက်မှာ အတိုင်းအဆမဲ့ နုစင်းနေသည်။

ယောကျာၤးလေးတစ်ယောက်က ဤမျှလောက် လှပနုစင်းဖို့လိုလို့လား..။
ဂျွန်သည် ချောတယ်ဆိုသော ယောကျာၤးလေးတွေ.. လှပါပေ့ဆိုတဲ့ မိန်းကလေးတွေကို တွေ့ခဲ့၊မြင်ခဲ့ဖူးပါသည်။သို့သော်လည်း ထိုသူတွေအား စိတ်ဝင်တစားနှင့် အနုစိတ္လိုက္ကာ မကြည့်ခဲ့ဖူးပါ..သို့ပေသိ
မျက်စိရှေ့က ပန်းနုရောင်သန်းသန်းမျက်နှာလေးကိုတော့ မျက်လုံးတွေ လွဲှမရနိုင်အောင်အထိ စိတ်ဝင်စားတယ်ဆိုတာထက်ပိုကဲစွာ ကြည့််နေမိပါသည်ဆိုရင် ဘယ်သူယုံမလဲ။ပိုပြီးမျက်လုံးမလွဲှချင် ကြည့်နေမိသည်က ဘာဆိုးဆေးအကူအညီမှမပါပါဘဲ နီမြန်းနေသောနှုတ်ခမ်းဖူးဖူးလေးဆီကိုပင်..။

စက္ကန့်တော်တော်ကြာသည်အထိ သူ့အား စိုက်ကြည့်နေသောလူကြီးကို Jimin တစ်ယောက်စိတ်မရှည်တော့ချေ။ဖေဖေကိုကျွေးပြီးသူ့က်ိုမကျွေးတော့ ဖေဖေအားနာသွားပြီး
ထိုလူကြီးကိုကျွေးစေချင်သည်အထင်နဲ့လုပ်ခဲ့သော
ကလေးလေးသည် အားနာသောစိတ်ကလေးနှင့်။
သို့ပေမဲ့ သူကျွေးတာကိုစားမယ်ဆိုလည်းစား၊မစားဘူးဆိုလည်းငြင်းမှပေါ့..အခုတော့
သူ့ရှေ့လက်လှမ်းထား၍ လက်တွေသည်လည်းညှောင်းလြှပီ..ဒါတောင်အားမနာဘဲ စိုက်ကြည့်နေပြန်တာကြောင့် သူအနေရလည်းခက်လာကာ လက်ကိုပြန်ရုတ်မည်အပြု..

"ဟင်.."

ဇွန်းကိုင်ထားသော သူ့လက်ကို ဆတ္ခနဲဆြဲယူကာ ဖြည့်ဖြည်းချင်း ပါးစပ်နားထိကိုယ်တိုင်ယူရင်း ကိတ်လေးအားစားလိုက်သောလူကြီးသည် ပိုင်စိုးပိုင်နင်းနှင့် ။
စားပြီးသော်လည်းလှွတ်မပေးသေးချေ။
မွေးနေ့ရှင်လေးသည်
အလန့်တကြားနှင့် ဆုပ်ကိုင်ခံထားရသော လက်ကလေးကိုပြန်ရုန်းဖို့မေ့စွာ ခတ္တကြောင်ငေးနေမိတာက မျက်လုံးအဝိုင်းသားနှင့်။

နှလုံးသားရဲ့ ပဲ့ကိုင်ရှင် Where stories live. Discover now