💘 Part 18 💘 (U&Z)

1.3K 108 7
                                    


"ကျောင်းတွေပြန်မဖွင့်ခင်ငါတို့ သင်တန်းတစ်ခုခုတက်ကြမလားထယ်"

"တိုက္ကြမ္ဒို"

"အက"

နှစ်ယောက်သားပြောမိပြီးမှတစ်ယောက်ကိုယ်တစ်ယောက်ကြည့်လျက်

"မတူဘူးလေ"

"ဘာဖြစ်လဲ.. မင်းတိုက်ကွမ်ဒိုကိုလည်း ငါလိုက်တက်မယ်.. မင်းလည်း ငါနဲ့အတူအကသင်တန်းလိုက်တက်ပေါ့..ဟုတ္ဘူးလား"

"ဟုတ္သားဘဲ.."

"နေအုံး.."

ပြောပြီး ဂျီမင်းကတစ်ခုခုကိုသတိရသွားဟန်နဲ့

"ဂျီယောင်းလည်းတက်ချင်မယ်ထင်တယ်"

"သူကမိန်းကလေးလေ..တက်ပါ့မလား"

"မိန်းကလေးလည်း ကိုယ်ခံပညာတတ်ထားတော့ကောင်းတာပေါ့..နောက်ပြီး အကတွေသင်ထားတော့ ငါတိ့ု Idol တွေဘာတွေလုပ်ချင်လုပ်လို့ရတယ်လေ"

"အေး..ဟုသား.. ငါတို့သင်တန်းသွားအပ်ရင်ဂျီယောင်းကိုပါ တခါတည်းအပ်ပေးခဲ့လိုက်မယ်"

"အင်း..ကောင်းတယ် "

နှစ်ယောက်သား ဆွေးနွေးပြီးသကာလ ရှေ့မှမုန့်များကိုအားရပါးရစားသောက်နေတုန်း..

"ထယ်.. ဟိုမွာ.."

အလန့်တကြားနှင့် သူ့ကျောဘက်ကို ဘာဂါကိုကိုက်နေရင်း မျက်လုံးပြူးမျက်ခုံးတွေပင့်ပြနှင့်ရှုပ်ရှုက်ခပ်နေသော သူ့ရဲ့ချစ်စရာသူငယ်ချင်း၏ ပုံစံကို
ဘာလဲဆိုသည့်အတွေးနဲ့ ကြည့်လိုက်၏။

အခုတေလာ အရင်လို ပျော်ပျာ်ရွှင်ရှွင်နှင့် Active
ပြန်ဖြစ်လာသောသူငယ်ချင်းကြောင့် စိတ်ချမ်းသာရပါသည်။ သို့သော် တစ်ခါတလေကျတော့လည်း မှိုင်တွေသွားပြန်တာ..ဦးဂျွန်ဂျောင်ဂုဆိုတဲ့လူအပေါ် ခံစားချက်ရှိနေတာများလားဟုတွေးမိသည်။ မေမးခဲ့ပါ.. မေးရင်လည်းအမှန်တိုင်းဖြေမှာမဟုတ်။လိမ်ညာမှာလည်းမဟုတ် ဒီတိုင်းမရှိဘူးဘဲ ပြောအုံးမှာ။ဘာလို့ဆို သူရင်ထဲကခံစားနေရတာကို သူ ဘာသာမပြန်တတ်သေးလို့မသိရှိခြင်းပင်။ ထိုကိစ္စကိုအစလည်းဆွဲမထုတ်ချင်တာကြောင့်
ဒီအတိုင်းလေးအရင်လိုဖြစ်နေတာကိုပင် ကျေနပ်လိုက်သည်။

နှလုံးသားရဲ့ ပဲ့ကိုင်ရှင် Where stories live. Discover now