ဖွင့်ပြောပြီးတဲ့ နေ့ကတည်းက မတွေ့ုဖြစ်တာ ဒီနေ့နဲ့ဆို တစ်ပတ်ကျော်သွားချေပြီ။ မတွေ့ဖြစ်တာဆိုတာလည်း သူကတွေ့ချင်ပါ၏။ Jimin ကသာရှောင်နေတာကြောင့် မတွေ့ဖြစ်ခြင်း။အိမ်ကိုသွားတော့လည်း စာကျက်နေလို့၊ အိပ်နေလို့၊ သူငယ်ချင်းတွေဆီသွားနေလို့ ဘာညာနှင့် အရင်လိုသူလာလျှင် တွေ့နေကျ ခုံလေးပေါ်မှာစာအုပ်ဖတ်မနေတော့၊ ဗိုက်ဆာပြီဟုဆိုကာ အိမ်ပေါ်မှပြေးဆင်းလာကာ သူထိုင်နေသော ဧည့်ခန်းကိုတောင် ကျော်ပြီး မဖြတ်သွားတတ်တော့။
ထိုသို့သောတွေကြောင့် သူ့မှာ မြင်ချင်နေသော မျက်နှာလှလှလေးအား မတွေ့ရခြင်းဖြစ်ပြီး အခုတော့လုံးဝကိုမနေနိုင်တော့ချေပြီ။လွမ်းနေပါပြီ.. မတွေ့ရတဲ့နေ့တွေအတွင်း အလုပ်တွေလည်းမဖြောင့်။ မုန်းများသွားလေပြီလား ဟူသည့်အတွေ့းတွေကလည်း အတွေးတွေထဲ တဝဲလည်လည်။ သို့သော်.. နောင်တတော့မရ။ သူ့ခံစားချက်တွေကို ကေလး သိအောင်ဖွင့်ပြောနိုင်ခဲ့တာကြောင့်ပင်။
ဘာတွေဘဲဖြစ်နေပါစေ.. သူကလေးဆီကအချစ်ကို လိုချင်သည်။ ကလေးကိုသူ့ရင်ခွင်ထဲမှာဘဲ တစ်သက်လုံးစိတ်ချမ်းသာစွာထားမည်။
ကလေးနဲ့အတူ ပျော်ရှွင်စရာကောင်းတဲ့ နှစ်ကိုယ်တူဘဝလေး တည်ဆောက်မည်။
အဲ့ဒီအတွက် သူအစွမ်းကုန်ကြိုးစားမည်။
အတွေ့းတွေနှင့် မောင်းနှင်လာသောကားလေးက ကလေးရှိရာ ကျောင်းသို့ ရောက်ရှိခဲ့လေသည်။ကားရပ်ထားပြီးကားပေါ်မှာသာ ထိုင်နေလိုက်ရင်း စောင့်မည်စဉ်းစားကာ ကလေးထွက်အလာကိုမျှော်နေရသည်။
မကြာပါ.. သူ့ရဲ့ နှလုံးသားလေးထွက်လာပါပြီ..
အဖြူရောင် 123 ဟုရေးထားသော အကျီၤလက်ရှည်အပွကြီးနှင့် ဘောင်းဘီအမဲအပွကြီး ကြားထဲ ခပ်သေးသေးကိုယ်လေး ပျောက်နေချေပုံက အသည်းတွေယားစေသည်။ လွမ်းနေတာ.. ဟုနှုတ်ကတီးတိုးဆိုရင်း နှူတ်ခမ်းတွေကစိတ်လိုလက်ရ ံပြုံးနေမိသည်။
တစ်ဖြည်းဖြည်း သူကားနားကိုရောက်လာနေသော ကလေးလေးကိုငေးနေရင်းမှ မျက်ခုံးတွေကအလိုလိုစုကြုံ့မိသွားကာ အံကိုကြိတ်လိုက်မိသည်။ကလေးအနားတွင် ရယ်မောကာလျှောက်လာနေသော ကောင်လေးကြောင့်ပင်။ နှစ်ယောက်သားယှဉ်လျှောက်နေတာဖြစ်ပြီး ကေလးကေတာ့ ဟိုကြည့်ဒီကြည့်လုပ်လိုက်
စကားပြောလိုက်လုပ်နေသော်လည်း ထိုကောင်လေးကတော့ လမ်းလျှောက်ရင်း တစ်ချိန်လုံး ကလေးမျက်နှာလေးကိုဘဲ တမေ့တမောငေး ကြည့်လာနေတာကြောင့် သူ့စိတ်ထဲ မနာလိုခြင်း၊စိတ်မချခြင်းတွေ ဖြစ်ပေါ်လာရသည်။
မြွေမြွေချင်းမို့ ခြေမြင်တယ်ဘဲဆိုဆို ထိုကောင်လေးအကြည့်တွေကို သူကောင်းကောင်းသိသည်။
ထိုကောင်လေးက ရုပ်ရည်လေးက ကြည့်ကောင်းတဲ့အထဲပါကာ အသက်ကခပ်ငယ်ငယ်အရွယ်..
မတော်လို့များ.. ကေလးက...
ဆက်မတွေးရဲတော့ပါ.. ။
နားထင်ကိုလက်နှင့်ဖိကာ မရှိတဲ့ရောဂါတောင် တက်ချင်သလို။
YOU ARE READING
နှလုံးသားရဲ့ ပဲ့ကိုင်ရှင်