"အား.."ကားပေါ်ကဇိမ်ကျကျလေးဆင်းစေလိုတာမို့ ကားတံခါးဖွင့်ပေးသော်လည်း သူ့ကို မကြည်သလိုအကြည့်နှင့် ကြည့်လျက်
ခြေထောက်ကိုပါတက်နင်းသွားလေသည်က သူရဲ့နှလုံးသားလေးပင်။ဂျောင်ဂုသူ့ကိုမစောင့်ဘဲ ထွက်သွားသော ကောင်လေးကို ကြည့်ရင်း အချစ်ကပိုပိုလာရသည်။
ချစ်သည်။ ဘာတွေဘဲ လုပ်လုပ်ချစ်နေတာဘဲ သိသည်။
သူ့ကို ရန်ပြန်တွ့နေရင်လည်း ချစ်ဖို့ကောင်းသည်။ကလေးလေးလို ဟန်မဆောင်တတ်တာလည်းချစ်ဖို့ကောင်းပြန်သည်။
ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးထိုင်နေလည်း ချစ်ဖို့ကောင်းနေတုန်းပင်။သူ့စကားကိုနားမထောင်ဘဲ ကန့်လန့်တိုက်နေတာလည်း သိပ်ချစ်ဖို့ကောင်းကာ သူ့စကားကို ဟုတ်ကဲ့ ကိုကိုဟုပြောလျက်နားထောင်မည်ဆိုပါက
အများကြီးချစ်ဖို့ကောင်းပေအုံးမည်။ထို့အတူ
သူ့အချစ်ကို ပြန်တုံ့ပြန်ကာ သူ့ကိုချစ်ပါသည်ဟုချစ်အဖြေပေးလာပါက
ပို၍ပ်ို၍ပင်ချစ်ဖို့ကောင်းမည်ဖြစ်ကြောင်း သူအသေအချာပြောရဲသည်။အတွေးတွေနှင့်ပြုံးနေမိတုန်း ဖုန်းဝင်လာတာကြောင့် ကိုင်လိုက်သည်။ အလုပ်ကိစ္စမို့ စကားပြောရင်း သူ့ရဲ့ အလုပ်ခန်းသို့ လျှောက်
လာလိုက်သည်။
.............."ဒေါက် ဒေါက်"
ကိုယ်လက်သန့်စင်လျက် အိပ်တော့မည်ဆိုမှ တံခါးခေါက်သံကြောင့် လှဲတော့မည့် ကိုယ်လေးကမလှဲတော့ဘဲ ထထိုက်လျက်သား ဖြစ်သွားသည်။
ဘာလာရှုပ်ပြန်တာလဲ။
သူစိတ်ရှုပ်စွာ ထလျက် တံခါးနားကို လျောက်သွားလိုက်၏။
ထိုအချိန်ထိတံခါးကို အဆတ်မပြတ်ခေါက်နေတာမို့ မျက်မှောင်လေးကိုလည်း ကြုတ်ထားမိသည်။
"ဘာပြောစရာရှိလို့လဲ.."
ဂျီမင်းတံခါးကိုမဖွင့်ဘဲ တံခါးနားကပ်ရင်း လှမ်းပြောလိုက်၏။
"ကိုယ့်ကိုတံခါးဖွင့်ပေးအုံးလေကွာ.. "
ခပ်ချိုချိုသူ့အသံသည် အမြင်ကပ်စရာကောင်းသည်။
YOU ARE READING
နှလုံးသားရဲ့ ပဲ့ကိုင်ရှင်