💘 Part 34 💘

1.2K 103 13
                                    

"အခုမှဘဲ မျက်နှာ‌ကိုတွေ့ရတော့မယ် တကယ်ဘဲ
ယောကျာ်းရပြီကတည်းက ပျောက်နေလိုက်တာ "

ဂျီယောင်းကရှံ့မဲ့ကာဖြင့်ဆိုတော့ သူအသာအယာပင်ပြုံးမိသည်။

"မဟုတ်ပါဘူးဟာ"

"ဟုတ်ပါတယ် ကဲပြောပါအုံး ယောကျာ်းရသွားတဲ့ ခံစားချက်လေး"

"ဟုတ်တယ်ဟုတ်တယ် ဘယ်လိုလဲ ကောင်းလား"

ထယ်ကပါစကားဝိုင်းထဲ ၀င်ရောက်မေးလိုက်ခြင်းကြောင့် ဂျီမင်းမျက်နှာ‌လေးရဲတက်သွားကာ

"ဘာကောင်းရမှာလဲ ဘာတွေမေး"

ဒီတိုင်းဘဲမေးလိုက်တာကို သူငယ်ချင်းလေးက တစ်မျိုးတစ်မည်တွေးလျက် အရှက်သည်းနေတာဖြစ်သည်။ဂျီယောင်းကလည်း

"အေးလေ နင်ကဘာတွေသွားမေးနေတာလဲ ဒီလိုကိစ္စမျိုးကပြောစရာလား"

ဂျီယောင်းပြောမှ ပိုဆိုး‌တော့တာပင်။

"ငါပြောတာ က အခြေအနေကိုမေးတာပါ ဒိတိုင်းမေးတာ နင်တို့က ဘာတွေတွေးပြီးမှောင်နေကြတာလဲ"

ထို့တော့မှ ဂျီမင်းက အရှေ့မှအချိုရည်ကိုကောက်မော့ကာ

"ရှင်းရှင်းမပြောဘူး အခြေ‌အနေက ဒီတိုင်းဘဲ "

"ဘာလဲရှင်းရှင်းပြော "

ဂျီယောင်းကနားမလည်တာမို့ ထပ်မေးတော့

"ငါကအရင်လိုလွတ်လပ်တုန်းဘဲ လို့ အစကအိမ်ထောင်ကျရင် ချုပ်ချယ်ခံရမယ်ထင်နေတာ သွားချင်တဲ့နေရာသွားလို့မရတော့ဘူးထင်နေတာ တော်သေးတယ် ဦးဂျောင်ဂုကငါ့ကိုမချုပ်ချယ်ဘူး"

"နင့်ကို ချစ်လို့နေမှာပေါ့"

ဂျီယောင်းစကားကြောင့်ပါးလေးတွေနွေးလာ၏။ထို့နောက်ပုခုံးတွန့်၍ဘယ်သိမလဲဆိုသည့်သဘောနှင့် လုပ်ပြတော့

"ငါတို့သိတယ် နင်လည်းသိမှာပါ ဦးဂျောင်ဂုနင့်ကိုဘယ်လောက်ချစ်လဲ"

"ဟန်ဆောင်နေတာဆို ဘယ်လိုလုပ်မလဲ"
ဂျီမင်းရဲ့ ခပ်တိုးတိုးစကားကြောင့် ထယ်က

"ဦးဂျောင်ဂုကအဲ့လိုဟန်ဆောင်တတ်တဲ့ လူမျိုးတော့မဟုတ်လောက်ပါဘူး"

နှလုံးသားရဲ့ ပဲ့ကိုင်ရှင် Where stories live. Discover now