"ဦး Jungkook နဲ့တွေ့ချင်လို့ပါဗျ"သာယာနာပျော်ဖွယ်အသံလေးကြောင့် ဝန်ထမ်းကောင်မလေးက တစ်ချက်ကြည့်လိုက်တော့ စိတ်ထဲငေးခနဲ။ ချစ်စရာကောင်းမှုတွေအကုန် စုပြုံနေသလားထင်မှတ်ရတဲ့အထိ နှုတ်ခမ်းဖူးဖူးမျက်လုံးမှေးကျဉ်ကျဉ်းလေးများနှင့် ကောင်လေးသည် တစ်ခုခုကိုအလိုမကျသလို ဖြစ်နေသော်လည်း ချစ်စရာကောင်းနေဆဲ။
"ဟုတ်ကဲ့.. ဘယ္သူမ်ားလဲ.. CEO နဲ့ Appointment ကြိုယူထားလားရှင်"
"မယူထားပါဘူး"
"ဟုတ်ကဲ့.. အဲ့ဒါဆိုတွေ့လို့မရပါဘူးရှင့်.. "
Jimin မျက်နှာလေးစိတ်ပျက်ခြင်းတွေနှင့် မဲ့က်သြား၏။
ဘယ်လိုလုပ်ရမလဲ။ဆူပုတ်ပုတ်လေးက ညိုးညိုးငယ်ငယ်ဖြစ်သွားတော့ ဝန်ထမ်းကောင်မလေးကစိတ်မကောင်းဖြစ်မိကာ ဂရုဏာသက်သွား၏။ ဂရုဏာသက်ချင်စရာရုပ်ကလေးကလည်း ရှိနေတာကို။ဒါပေမဲ့လည်း
CEO က လုပ်ငန်းသစ်တိုးချဲ့ရေးကိစ္စတွေနှင့် အလုပ်ရှုပ်နေတာမို့ အခုချိန်သွားအနှောင်အယှက်ပေးပါက အဆူခံရနိုင်သည်။ အခုတလောဘာကိစ္စရှိလို့လဲမသိ CEO မျက်နှာကြည်လင်နေသော်လည်း အလုပ်လုပ်နေချိန်တော့ အနှောင့်အယှက်မပေးရဲ။အရေးကြီးကိစ္စလည်း မဟုတ်တာကြောင့် ပြောရန်အခက်တွေ့နေရသည်။ သို့သော် ဘာကိစ္စမှန်း မသိပေမဲ့ ကောင်လေးကို အကူအညီကလည်း ပေးချင်နေသည်။"ဟုတ်"
ဟုဆိုကာ လှည့်ထွက်ရန်ပြင်နေပြီဖြစ်သော ကောင်လေး ကို ဝန်ထမ်းမလေးက အလောတကြီးနှင့်
"ခဏေလး.. အမလှမ်းပြောကြည့်ပေးမယ်နော် "
ကောင်လေးတွေ့ခွင့်ရမှာ မဟုတ်ဘူးဆိုတာသိပေမဲ့ စိတ်ကျေနပ်သွားအောင်တော့ လုပ်ပေးနိုင်တာပေါ့။တော်ကြာ ဒီအမကြီးက မခေါ်ပေးဘူးစိတ်ပုတ်တယ်ဘာညာထင်သွားမှဖြင့် ။သူမကလည်း အျခားသူဆို ဘာပြောပြောစည်းမျဉ်းအတိုင်းလုပ်တတ်ပေမဲ့ ဒီကောင်လေးကိုတော့ ချစ်ဖို့ကောင်းလွန်းလို့ အဆင်ပြေအောင်လုပ်ပေးချင်တဲ့စိတ်ကလေး။ ဆူခံရလည်း ခံရပစေတော့လေ။
"ဘယ်သူလို့ပြောပေးရမလဲကောင်လေး "
"Park Jimin လို့ပြောပေးပါ"
YOU ARE READING
နှလုံးသားရဲ့ ပဲ့ကိုင်ရှင်