💘 Part 6 💘

1.6K 100 1
                                    

Unicode

" ဟယ်..
တကယ်ရင်ကို ထိတာဟယ်..
ငါမလိမ်ပါဘူး.. တကယ် "

ထယ်ယောင်းနှင့် Jimin သည် ရှေ့မှာ ဘယ်ဘတ် ရင်ဘတ်ကို လက်နှစ်ဖက်နှင့်ဖိထားရင်း ဘယ်သူမှလည်း မေမးဘဲ သူ့ဟာသူ ပြောကာ  အသည်းအသန်ကြွေပြနေသော မျက်နှာထားနှင့် ဂျီယောင်းကိုကြည့်ကာ အကြီးအကျယ်ကို စိတ်တွေ ဆင်းရဲနေရသည်။

အကြောင်းမှာ သူတို့ပထမနှစ်အတန်းသို့ ကျောင်းသားသစ် ချောချောလေးတွေ ပြောင်းလာတာကြောင့်ပင် ။

ဒါကို ဒုတိယနှစ်ကျောင်းသူ ဖြစ်တဲ့
မယ်မင်းကြီးမက ဘယ်ကတည်းက ချောင်းနေမှန်းမသိ။ သူတို့တောင် သတင်းမကြားရသေးဘူး..
သူက တွေ့ပြီးကာ သိပြီးနေပြီး
အခုသူတို့အား လာပြောနေသည်မှာ ကျောင်းစလာကတည်းက ။ နားတွေလည်း ငြီးနေပြီ ။
ရှားရှားပါးပါး ငပေါသူငယ်ချင်းလေးမို့သာ ဒီတိုင်းကြည့်နေရတာ ။ မဟုတ်ရင် သူတို့နှစ်ယောက်မှာ ဒီအရူးအား သူငယ်ချင်းအဖြစ်က စွန့်လှွတ်ကြောင်း သတင်းစာထဲ ထည့်ပစ်ပြီးနေပြီ..  စိတ်တွေ တော်တော်ဆင်းရဲလို့ပါ ။

" နင်ရင်ကိုမထိတဲ့ သူရောရှိလို့လား.. ချောသမျှတွေအကုန်ထိနေတာ.. "

ထယ္က မကြည်လာသောစိတ်တွေနှင့် အငေါ့ပြောတော့ အမြင်ကပ်လှစွာသော သူငယ်ချင်းမက တကယ်ခံစားနေရသောပုံနှင့် အမူပိုပြလာပြန်၏။

" တကယ်ပါဟာ.. "

" တကယ်ဆိုလည်း တော်လိုက်ပါတော့ အမတော်ရယ်
ထိတယ်ဆိုလည်း ပါးစပ်လေးပိတ်ပြီး မုန့်လေး အေးအေးဆေးဆေး စားတော်မူပါတော့ "

နားငြီးတာအား မခံနိုင်တော့သော
Jimin ကပါ ဝင်ရောက်ပြောဆိုလာခြင်း ဖြစ်သည်။
ထိုအခါမွ..
ရှေ့မှ မုန့်ကိုကြည့်ကာ ယူရင်း ပါးစပ်ထဲထည့်လိုက်၏။
ဂျီယောင်းသည် တစ်ခါတလေ မှာတည်ငြိမ်တယ်လို့ထင်ရပေမဲ့ တစ်ခါတလေ ထထဖောက်တတ်ပြန်သေးသည်။ ရည်းစားကျတော့လည်း ထားတာမဟုတ်ဘဲ ကောင်လေးချောချောတွေကိုဘဲ လိုက်ငမ်းနေတတ်ကာ တစ်ချိန်လုံး သူ့ရင်ကို ထိလိုက်သည်ကလည်း ထိဘဲထိနိုင်လွန်းသည် ။

" အေးပါ.. နင်တို့ကနှလုံးသားမှမရှိကြတာ
ငါ့ကို ဘယ်နားလည်ပါ့မလဲ.."

နှလုံးသားရဲ့ ပဲ့ကိုင်ရှင် Where stories live. Discover now